Part 11

845 64 14
                                    

Unicode

"မင်းကြီး မင်သားယောင်းလာပါတယ်"

"ဝင်ခိုင်လိုက်"

ထူးထူးဆန်းဆန်း သားတော်ကြီးယောင်းလာသည်ဆိုသည်ကြားတော့ မင်းကြီးနည်းနည်းတော့အံ့ဩမိသည်။
သားတော်ကြီးယောင်းသည် သားတော်လတ်ယွန်းလောက်တော့ သူနှင့်မစိမ်းပေမယ့် ဒီလိုလာရှာတာတော့ရှားသည်။
တစ်ခုခုတော့အကြောင်းရှိရမယ်။

"ခမည်းတော်"

"ယောင်း ထိုင်လေ"

ခမည်းတော်ကထိုင်ခိုင်းတာကြောင့် သူအရင်ဆုံးထိုင်လိုက်သည်။
သူလာရသည့်အကြောင်းမှာ အခြားတော့မဟုတ် ဗြောနဲ့ယုံးရဲ့ကိစ္စကြောင့်ဖြစ်သည်။

"ခမည်းတော် ပြောစရာရှိပါတယ်"

"ပြောလေ"

သားတော်ယောင်းရဲ့ပုံစံကလေးနက်နေတာကြောင့် ယောင်းပြောမည့်စကားအပေါ် မင်းကြီးနည်းနည်းတော့စိတ်ဝင်စားမိသည်။

"ယုံးနဲ့လက်ယာရံအမတ်ဂင်သမီးတို့ရဲ့ မင်္ဂလာပွဲကိုပယ်ဖျက်ပေးပါ ခမည်းတော်"

ယောင်းစကားကြောင့် သူ့ရဲ့မျက်ခုံးတန်းတို့အလိုလိုမြင့်တက်သွားတော့သည်။
အင်း...သေချာပါတယ် တစ်ခုခုတော့

"ဘာလို့လဲသားတော် အကြောင်းတော့ရှိရမယ်မလား?"

သူ့အပြောကြောင့် ယောင်းတစ်ခုခုကိုစဉ်းစားဟန်ပြုပြီးမှ

"ယုံးကဒီလက်ထက်ပွဲကိုစိတ်မပါဘူး ခမည်းတော် ပြီးတော့ သူ မ ရော ဘဲ"

ယောင်းရဲ့အသံသည်အဖျားနား၌ တိုးဝင်သွားသည်။

"ပြီးတော့?"

"အဲ့ဒါတွေကြောင့် ဒီလက်ထက်ပွဲကိုပယ်ဖျက်ပေးပါ ခမည်းတော် ကျေးဇူးပြုပြီး"

ခမည်းတော်သည်မှန်းဆရခက်စွာရယ်သည်။

"ယောင်း ဒီခမည်းတော်ကဘယ်တုန်းကပြောပြီးသားစကားကိုပယ်ဖျက်ဖူးလို့လဲ...ပြီးတော့ ဒီလိုအကြောင်းပြချက်လောက်မျိုးလေးနဲ့ မပယ်ဖျက်နိုင်ဘူး သားတော်"

"ခမည်းတော်"

"ဒါဘဲမလား သွားတော့ ခမည်းတော်မအားသေးဘူး"

The Moon's StarWhere stories live. Discover now