Part 32

503 31 9
                                    

Unicode

"ဖြန်း"

ပါးပြင်ပေါ်သို့ကျရောက်လာတဲ့ ဒုတိယံမိရိုက်ချက်။
လူလဲပူထူသွားကာမျက်ရည်များပင်ဝဲတက်လာသည်။

"သူ့ကိုခေါ်ခဲ့ကြ ဒီကိစ္စကိုဒီအတိုင်းကျော်မသွားနိုင်ဘူး"

ဆိုကာထွက်သွားသည့် မိဖုရားခေါင်ကြီးနောက် သူမအားတစ်ဖက်တစ်ချက်စီကနေရဲမတ်တွေဟာဆွဲခေါ်သွားကြသည်။

"တကယ် ကျွန်မမဟုတ်ပါ- အား"

လူအားတို့ထိလာတဲ့မီးကျီးခဲ။
ပူကာနာလွန်းတာကြောင့်မျက်ရည်တွေဟာအဆက်မပြတ်။
ဒီလိုနည်းနဲ့ဝန်းခံအောင်လုပ်သည်တဲ့လေ။

"ဘာလို့အပင်ပန်းခံပြီးညာနေရတာလဲ အမှန်အတိုင်းပြောလိုက်လေ"

"ကျွန်မလိမ်နေတာမဟုတ်ဘူး ကျွန်မတကယ်မလုပ်- အား"

ဂါဝန်စတစ်ခုလုံးသွေးတွေရဲရဲနီနေပြီဖြစ်၏။
မီးကျီးခဲနဲ့ သူမအားထပ်တို့မည်အပြု

"ခန ခနရပ်ထားလိုက်"

"ဟုတ်ကဲ့ မယ်မယ်"

"အကုန်လုံးထွက်သွားတော့ သူ့ကိုအစာရေတစ်စက်လေးတောင်မတိုက်နဲ့ တိုက်တဲ့လူလည်ပင်းအပြတ်ဘဲကြားလား"

"ဟုတ်ကဲ့ မယ်မယ်"

အကုန်လုံးထွက်သွားပြီးနောက်မှတော့ မိဖုရားခေါင်ကြီး သတိလက်လွတ်မေ့မျောနေတဲ့ ဗြောအားလှောင်သလိုတစ်ချက်ကြည့်ပြီးရယ်လိုက်သည်။

"နင်ကဘယ်သူနဲ့လာပြိုင်နေတာလဲ ဟမ် နင့်လိုဟာကငါ့ကိုနိုင်မယ်ထင်နေလား"

"ပြောလို့မရသေးဘူးလေ ကျွန်မနိုင်ချင်နိုင်မှာပေါ့ ပွဲကပြီးမှမပြီးသေးတာ"

သူမအားမျက်လုံးလှန်ကြည့်ကာ ပြောလာသည့်ဗြော မျက်လုံးတွေဟာလဲခက်ထန်နေသလိုအသံတွေဟာလဲမာကြောပြတ်သားနေသည်။

"ဟားဟားဟား"

သူမတစ်ချက်ရယ်လိုက်သည်။

"ဂင်ဗြော နင်ဒီလိုစကားပြောရဲတယ်နော် ခုနင့်အခြေအနေနင်ပြန်ကြည့်ဦး ဘယ်လိုဖြစ်နေလဲဆိုတာ"

"ဟုတ်တယ် အခုကျွန်မဒီလိုပုံစံဖြစ်နေတာမှန်တယ် အခုကျွန်မဖြစ်နေသလိုမျိုးမိဖုရားရောဖြစ်မဖြစ်မပြောနိုင်ဘူးလေ ဟက်"

The Moon's StarWhere stories live. Discover now