Part 19

556 43 20
                                    

Unicode

ကောင်ကင်ပြာသည် ဤယနေ့၌ မှိုင်းညှို့နေသည်။
မကြာပါ ကောင်းကင်ထက်မှ မိုးစက်တို့တဖြောက်ဖြောက်ကျဆင်းလာတော့သည်။

နွေရာသီကုန်ခါနီး၌ အချိန်အခါမဟုတ်ရွာသောမိုးဖြစ်သည့်အလျောက် မိုးမှာကြီးလှသည်။

အရှေ့ကိုမမြင်ရလောက်အောင် မိုးသည်သည်းနေသည်။

သူမသည် မိုးကိုမနှစ်သက်ပါ။
မိုးရွာတဲ့နေ့ထက် နေသာတဲ့နေ့ကိုပို၍သဘောကျသည်။
ဒါပေမယ့် ထူးဆန်းစွာနဲ့ဘဲ ဒီနေ့ သူမမိုးရွာတာကို တစိမ့်စိမ့်ကြည့်နေမိသည်။

"မိုးရွာတော့အချစ်ဦးကိုလွမ်းလိုက်တာ"

သူမကဲ့သို့မိုးကိုငေးမောကြည့်နေကြတဲ့ နန်းတွင်သူလေးများရဲ့စကားသံများဖြစ်သည်။

'အချစ်ဦး'

သူမ မှာလည်းရှိခဲ့တာပေါ့အချစ်ဦး။
ဒါပေမယ့် သူမရဲ့အချစ်ဦးသည် ဘယ်သူဘယ်ဝါမှန်းသူမ မသိပါ။
ထူးဆန်းတယ်နော်။
ဟုတ်သည်။ ထူးဆန်းတယ်။ သူမရဲ့အချစ်ဦးမှာ ဘယ်သူဘယ်ဝါမှန်းမသိ မည်သူမှန်းလည်းမသိသည့် အိမ်မက်ထဲမှာသာတွေ့ဖူးနေတဲ့ပုံရိပ်လေးဆိုတာသာ အခြားသူတွေကြားရင် ရယ်ချင်လောက်ကြမယ်။

သူမ  6 တန်း 7 တန်းအရွယ်လောက်မှာ ထူးဆန်းတဲ့အိမ်မက်တွေမက်ခဲ့ဖူးသည်။
အဲ့အိမ်မက်တစ်ခုတည်းကိုဘဲ ထပ်ခါထပ်ခါနေ့စဉ်ရက်ဆက်မက်ခြင်းဖြစ်သည်။

ထိုအိမ်မက်ထဲက အမျိုးသားပုံရိပ်လေးသည် သူမကိုမြတ်နိုးစွာကြည့်နေခဲ့သည်။
လှပစွာပြုံးပြခဲ့သည်။
သူ့ရဲ့မျက်ဝန်းတွေကသိပ်ကိုလှပသည်။
ထိုမျက်ဝန်းတွေထဲကနေမှတစ်ဆင့် သူ့ရဲ့နက်နဲတဲ့ချစ်ခြင်းတရားကိုမြင်နိုင်သည်။
ဝမ်းနည်းမှုတွေ နာကျင်မှုတွေကိုလည်းမြင်ရသည်။

အခုတော့ သူ့ရဲ့ပုံရိပ်သည် သူမအတွက်ခပ်ရေးရေးသာ

ဤငယ်ငယ်ကမက်ခဲ့ဖူးသည့် အိမ်မက်လေးသည် သူမရဲ့အချစ်ဦးဖြစ်သည်။
သူမရဲ့ တစ်သက်လုံးမေ့မရမယ့် အိမ်မက်ငယ်လေးတစ်ခုအနေနဲ့ပေါ့...

☁️☁️☁️

"ဒီကိုလာလေ မင်းသား"

သူအိမ်အောက်သို့ဆင်းလာချိန်
ကျားကစားနေရာမှ လှမ်းပြောသည့် မန်းဒေါ့ဖြစ်သည်။

The Moon's StarWhere stories live. Discover now