Part 12

866 70 46
                                    

Unicode

အိမ်မက်ဆိုး...

ဒီအိမ်မက်ဆိုးတွေကနေ ကျွန်တော် မလွှတ်မြောက်နိုင်သေးဘူး။

လက်တုန့်ပြန်မှုတွေ...

တစ်ခါတလေ လက်တုန့်ပြန်မှုတွေ မလုပ်တော့ဘဲ အေးအေးချမ်းချမ်းနေထိုင်သွားချင်တယ်။

ဒါပေမယ့် ကျွန်တော် အဲ့လိုမလုပ်နိုင်ပါ။

ကျွန်တော် ပျော့ညံ့လို့မဖြစ်

ကျွန်တော်ချစ်ရသူကို ကာကွယ်ရမယ်။

ကိုယ် မဖုံးကွယ်တော့ဘဲ နှလုံးသားစေရာအတိုင်းဘဲ လုပ်တော့မယ်။

ဦးနှောက်နဲ့ နှလုံးသား ယှဉ်ပြိုင်ချင်းမှာ နှလုံးသားကအနိုင်ရသွားတဲ့ပုံဘဲ။

အတိတ်တွေကိုအတိတ်မှာဘဲထားခဲ့တော့မယ်။

လက်ရှိကမင်းကိုဘဲ ကိုယ်ဂရုစိုက်တော့မယ်။

မင်းကို ကိုယ်မဆုံးရှုံးချင်ဘူး ချစ်ရသူ...
မဆုံးရှုံးရအောင်လည်း ကိုယ်လုပ်မှာ...
မင်းကကိုယ့်အပိုင်ဘဲဖြစ်ရမယ်...

ကိုယ် မင်း ကိုချစ်တယ် လေးနက်စွာနဲ့အရမ်းကို...

---

မြင်းကိုသူ ဒုန်းဆိုင်းစွာ မောင်းလာပြီးနောက်
တွေ့လိုက်ရတဲ့ ယာဉ်။

တော်သေးသည် ဟု တစ်ချက်ရေရွတ်ရင်း လျင်မြန်စွာပင် သူသွားလိုက်သည်။

"အထဲကသူကိုငါလက်ထဲအပ် မဟုတ်ရင်မင်တို့အသက်တွေကိုအာမမခံနိုင်ဘူး"

သူ့အပြော‌ကြောင့် ယာဉ်ထိန်းအစေခံများမှာကြောက်ကြောက်ကြောက်လန့်လန့်ဖြစ်သွားကြသည်။

ဘေးတွင်ပါလာသည့် သူတို့ထက်ရာထူးမြင့်တဲ့အစောက်အရှောက်တွေကတော့ ဓားကိုထုတ်ကာလှုပ်လှုပ်ရွရွဖြစ်သွားကြသည်။

သူနှုတ်ခမ်းလှုပ်ရုံသာပြုံးရင်း

"ချွမ် ချွမ် ချွမ် ချွမ်"

ခနလေးအတွင်းမှာ ထိုသူသုံးလေးယောက်ကိုအပြတ်ရှင်နိုင်ခဲ့သည်။

သူကဘယ်သူမိုလို့လဲ။
ဒီနိုင်ငံဘုရင်ရဲ့ သားတော်တစ်ပါးကိုဘယ်သူကယှဥ်နိုင်မှာလဲ။

The Moon's StarWhere stories live. Discover now