Part 3 (Uni)

9.3K 894 42
                                    

LOVE OR HATE ?

Part 3

Unicode

ကိုး , မနက်စာစားနေတုန်း စီနီယာအစ်မရတနာရောက်လာကာ ရန်ပုံငွေပွဲတွင် ပါဝင်ပေးရန်အကူအညီတောင်းလာသည် ။ ငယ်စဥ်ကတည်းက ပရဟိတအပိုင်းဘက်လည်းဝါသနာပါသည်ဖြစ်တာကြောင့်ရယ် အိမ့်ကလည်း လက်ခံရန် တွန်းအားပေးသောကြောင့်သဘောတူလက်ခံဖြစ်ခဲ့သည်...။

"ဟေ့ကောင် စိုင်းခွန်းသ , မင်း ရန်ပုံငွေပွဲပါမယ်ဆို "

စာသင်ချိန်ပြီးနောက် ဆရာထွက်သွားသည်နှင့် ကိုး မှ ခွန်း အားစတင်ကာ စကားစလာ၏..။

"အေး မင်းကော.. "

"ငါလည်း လက်ခံလိုက်တယ် ။ "

"အင်း ဒါဆိုလည်း ပွဲမစခင်သီချင်းရွေးတာပေါ့ ။ "
မှတ်စုစာအုပ်အား လွယ်အိတ်ထဲသို့ ထိုးထည့်ရင်း ခွန်း ပြောလိုက်သည် ။

"ဘာတွေပြောနေကြတာလဲ ကိုး "

ကိုး၏ ဘေးထိုင်ခုံအလွတ်တွင်ဝင်ထိုင်ကာလက်မောင်းအား လှမ်းထိ၍ မေးလာသော အိမ့် ။

"ရန်ပုံငွေပွဲအတွက် ပြောနေကြတာ အိမ့်ရဲ့.. "

"ကောင်းတာပေါ့ ။ အိမ့်လည်း စနိုးတို့နဲ့အတူ Music Performance လုပ်ဖို့ရှိတယ် ။ "

"ဟုတ်လား..ဒါဖြင့် ပွဲမှာတော့ ကျွန်တော်တို့ နှစ်ကလူတွေနဲ့ စည်ကား နေတော့မှာပဲ "

"ဟုတ်တယ် ခွန်းသ ရဲ့ ။ အခုတောင် ပါဝင်မဲ့ ကျောင်းသား ကျောင်းသူ တော်တော်များများက ပွဲအတွက်ပြင်ဆင်နေကြပြီ ။ ကိုး တို့ကော ဘာသီချင်းဆိုကြမှာလဲ ။ "

"မရွေးရသေးဘူး အိမ့် "

"ဪ ..."

"ကဲပါ အပြင်ဘက်သွားကြရအောင် "

ချစ်သူလေး၏ ပုခုံးအားဖက်၍ ကိုး အပြင်သို့သာထွက်လာခဲ့လိုက်တော့သည် ။
.
.
ခွန်း ကျောင်းဆင်းတော့ အိမ်မပြန်ချင်သေးတာကြောင့် သီချင်းခွေဝယ်ရန် အင်းယားလမ်းက Music Land သို့ လာခဲ့လိုက်ပြီး အခွေရွေးနေလိုက်သည် ။

"ညာဘက်က Album လေးနားထောင်လို့ကောင်းတယ် ညီ "

ခပ်သေးသေးချိုချိုအသံလေး ကြောင့် ခွန်းလည်း ဘယ် /ညာ လက်နှစ်ဖက်လုံးတွင်  Album ကိုင်ထားကာနှစ်ချပ်ထဲမှဘယ်ဟာဝယ်ရမလဲစဥ်းစားနေရာမှ နောက်လှည့်ကြည့်လိုက်တော့ တရုတ်စပ်သည့်ပုံပေါက်ပြီး ကိုယ့်ထက်အရပ်အနည်းငယ်နိမ့်သော မြင်ဖူးသလိုလိုရှိသည့်အစ်ကို တစ်ယောက်..။

LOVE OR HATE ? [Completed]Where stories live. Discover now