Part 13 (ZG)

3.2K 179 2
                                    

LOVE OR HATE?

Part 13

Zawgyi

ကိုး လည်းကျောင်းပိတ်ရက် မြန်မြန်ကုန်ဆုံးဖို့သာတွေးနေတော့သည် ။ Daddy ကသူ့အလုပ်ထဲတွင် Internship သဘောမျိုး နှစ်ယောက်လုံးအား လုပ်စေတာကြောင့် ဒီကျောင်းပိတ်ရက် ဟာ သူတို့အတွက် တော့ တကယ်ကို ငရဲပါပဲ ။

_____________

"သားတို့ အထုပ်အပိုးတွေ သေချာ သိမ်းဆည်းပြီးပြီလား ။ "

အောင်စာရင်းတွေထွက်ကြပြီမို့ ခွန်း ကထုံးစံ အတိုင်း Roll 8 ရကာ ကိုး က Roll 11 ဖြင့်အောင်မြင်ကြသည် ။ ခွန်း , ကိုယ့်ထက်ပင် Roll ကောင်းအောင်ဖြေနိုင်သော ကိုး အားဒီတစ်ခါတော့ချီးကျူးမိပါသည် ။ အခုတော့ စောင့်မျှော်နေခဲ့သော ရန်ကုန်ပြန်ကြဖို့ ရက်လည်းရောက်လာခဲ့လေပြီ ။

"ဟုတ် မေမေ အားလုံးထည့်ပြီးပြီ ။ "

"အေးအေး ရန်ကုန်အိမ်ရောက်ရင် မေမေ့ဆီ ဖုန်းဆက်ကြနော် ။ "

"ဟုတ်ကဲ့ မေမေ "

ခရီးဝေးသွားရမည်ဖြစ်သောကြောင့် မေမေတို့အားရှိခိုးဦးချ ပြီးမှသာလေဆိပ်သို့ထွက်ခွါလာခဲ့ကြသည် ။
.
.
"ဟူး အခုမှပဲ လေရူရတာကအစ အငွေ့အသက်အားလုံးပြောင်းသွားတော့တယ် ။ လွမ်းလိုက်တာ ရန်ကုန်မြို့ကြီးရာ "

"တော်တော်ဖြစ်နေတယ် ဟုတ်လား စိုင်းခွန်းသ "

လေဆိပ်ကထွက်လာသည်နှင့် လက်နှစ်ဖက်ကိုဆန့်တန်းကာ ကိုရီးယားဆန်နေသော ခွန်း အား ကိုး ကြည့်မရတော့ပေ ။

"ဘာဖြစ်လဲကွာ ။ "

လာကြိုသည့် ဦးလေးစိုးဝင်း ကတော့ သူတို့နှစ်ယောက် အား Car Parking မှကြည့်နေကာ ပြုံးစိ ပြုံးစိ ။
.
.
"အန်တီအေးမူ အန်တီအေးမူ "

"လာပြီ လာပြီ သားလေး ခွန်း ဘာဖြစ်လို့လဲ "

အိမ်အပေါ်ထပ်မှ အော်ခေါ်သံကြောင့် ဧည့်ခန်းတွင် သန့်ရှင်း​ရေးလုပ်နေရာမှအပေါ်ထပ်သို့ ပြေးတက်လာခဲ့သည် ။

"ကျွန်တော့် အခန်းထဲ က ကုတင်တွေနဲ့ ပစ္စည်းတွေကော ဘာလို့ တစ်ခုမှမရှိရတာလဲ ။ "

LOVE OR HATE ? [Completed]Where stories live. Discover now