Part 9 (Uni)

7K 663 27
                                    

LOVE OR HATE ?

Part 9

Unicode

"အဆင်ပြေလား ညီတို့ နားလည်ရဲ့လား ။ မပြေရင်လည်း ပြောနော် အစ်ကိုထပ်ရှင်းပြမယ် ။ "

ဇွဲ ဒီနေ့တော့ ခွန်းတို့နှစ်ယောက်အားအချိန်ပေးကာ သူတို့အိမ်တွင်ပဲစာလာရှင်းပြပေးဖြစ်သည်..။

"ဟုတ် နားလည်ပါတယ် အစ်ကို ကျေးဇူး "
"ကျွန်တော် လည်း နားလည်ပါတယ် ကိုဇွဲ "

"အင်း ဒါဖြင့် လည်း အိမ်က မာမီ ခိုင်းထားတာ ရှိသေးလို့ အစ်ကိုသွားတော့မယ် ။ "

"ဟုတ်ကဲ့ ခင်ဗျ "
"ဟုတ် အစ်ကို ကားကိုဂရုစိုက်မောင်းသွားဦး "

ကိုး , ကိုယ်တိုင် Accident ကြုံဖူးပြီးထဲက ကိုယ့်သူငယ်ချင်းမိတ်ဆွေတွေကို ကားမောင်းရာတွင် ဂရုစိုက်ရန် ပြောဖြစ်လာသည် အခုလည်း ကိုဇွဲ အားမှာမိပြန်သည်..။

"Okay ညီတို့ See you "

"မျက်လုံးလည်း ကျွတ်ကျသွားဦးမယ် ဟေ့ကောင် "

ထထွက်သွားသည့် လူကဖြင့်ကားစက်နှိုးကာ ခြံဝကပင်ကျော်သွားတော့မည် ။ လိုက်ကြည့်နေသည့်အကြည့်တို့ကမရုတ်သိမ်းနိုင်သေး၍ ခွန်း ကြည့်မရစွာပြောလိုက်သည် ။

"ကျွတ်ကျွတ်ကွာ ငါ့ဘာသာကြည့်သာ ဘာဖြစ်လဲ"

"ငါ့မျက်လုံးမို့ပြောနေတာပေါ့ကွ "

"မင်း က တစ်ကယ်ကို ဥစ္စာရူး ပဲ စိုင်းခွန်းသ "

ခွန်းမသိချင်ယောင်ဆောင်ကာ လေချွန်ပြီး ဖုန်းသုံးနေလိုက်သည် ။

"ဪ ဒါနဲ့ ဟေ့ကောင်.. ငါ ညကျရင် Club သွားမှာ အိမ်ပြန်နောက်ကျမယ် ။ မင်း တံခါး ဆင်းဖွင့်ပေးဦး ။ "

"ဟာ..မသွားရပါဘူး ငါခွင့်မပြုဘူး ။ "

"ဟေ့ကောင် ငါက အရင်ထဲက Bar တို့ Club တို့သွားနေကြကွ ။ အခုမရောက်တာ လချီနေပြီ ။ ဒီနေ့တော့သွားမှာကွာ..မကျေနပ်ရင် မင်းလည်းလိုက်ခဲ့ ။ "

ခွန်း , ဘယ်လိုနည်းနဲ့မှတော့ ဒီကောင့်ကို တစ်ယောက်တည်း မလွှတ်နိုင် ။ တော်ကြာ မိမိခန္ဓာကိုယ်နဲ့ သူကမူးချင်းတိုင်းမူး ဖြစ်ချင်တိုင်းဖြစ်နေရင် Global Company မှ ဦးစိုင်းညီညီ၏ သားက မူးရူးနေပါသည်ဟူ၍ Daddy ကပါနာမည်ပျက်ဦးမည် ။ ထို့အတွက်ကြောင့် အတူသွားမှပဲ စိတ်ချရတော့မည် ။
.
.
Club သို့ရောက်သည်နှင့် ကိုး တို့ကစတင်ပြီး အရက်တစ်ပုလင်း မှာကာ သောက်နေပြီဖြစ်သည် ။ ခွန်းကသာ ဝိုင်လေး တစ်ခွက်ဝင်တယ်ဆိုယုံရှိသေးသည် ။

LOVE OR HATE ? [Completed]Where stories live. Discover now