Part 11 (Uni)

6.6K 653 117
                                    

LOVE OR HATE ?

Part 11

Unicode

"ဖြေနိုင်လား သားကြီးတို့ "

စည်သူ နှင့် အာကာ , စာမေးပွဲခန်း ထဲကထွက်လာသည်နှင့် အပြင်ကြိုရောက်နေသော ခွန်းတို့နှစ်ယောက်အား ပုခုံးဖက်ကာမေးလိုက်သည် ။

"အေးဆေးပါကွာ.. ငါကဉာဏ်ကောင်းတယ်လေ ။ "

မေးစေ့လေးအားလက်ညှိုးဖြင့်ပွတ်ကာဖြေလာသော ကိုးဟာ ပြောရင်လည်းလွန်တယ်ဖြစ်မယ် တကယ်ကို ဘဝင်မြင့်နေတာပါ ။

"မင်းရော ခွန်း "

"ငါလည်းဖြေနိုင်ပါတယ် ။ မင်းတို့ကော.."

ခွန်း လည်း စည်သူ နှင့်အာကာ အားပြန်မေးလိုက်သည် ။

"အေး မဆိုးပါဘူးကွာ " >>>သံပြိုင်<<<

"ဒါနဲ့ မင်းတို့ စာမေးပွဲပြီးရင် ရန်ကုန်မှာပဲနေမှာလား ။ တောင်ကြီး ပြန်ကြမှာလား ။ "

အာကာ, မေးလိုက်တော့..

"မေမေ တို့က ပြန်လာခဲ့ဖို့ပြောတယ် ။ ရန်ကုန်မှာ စိတ်မချဘူး တဲ့ကွာ ။ "

နောက်ဆုံးဘာသာရပ်ပဲ ဖြေဖို့ကျန်တော့သည်ဖြစ်၍ လေးယောက်သား အနည်းငယ်လွတ်လပ်စွာပင် Canteen ခဏတဖြုတ်ထိုင်ပြီးမှသာ အိမ်ပြန်လာခဲ့ကြတော့သည်..။
.
.
__________________

"ခွန်း ပြီးပြီလား ။ ၇နာရီခွဲကျော်နေပြီကွ..သွားကြမယ် ။ "

"လာပါပြီကွာ..ဘယ်လိုဖြစ်လို့ မင်းက ဒီနေ့ တက်ကြွနေတာလဲ ။ "

ခွန်း ဒီနေ့မှ မိမိထက် အရင်ဦးစွာ ပြီးနေသော ကိုးကြောင့် ထူးဆန်းနေသည် ။

"စာမေးပွဲနောက်ဆုံးနေ့လေကွာ.. ခေါင်းထဲက စာတွေ ရှင်းထုတ်လို့ ရပြီ ..ဟားဟား"

"ဪ တော်တော်ပဲ "

နေ့လည် ၁၂ နာရီ စာမေးပွဲဖြေပြီးနောက် ကိုး တို့လည်း အစ်ကိုဇွဲဝဿန် ကို နှုတ်ဆက်ရန် Canteen တွင်ချိန်းထားသည့်မို့ထွက်လာခဲ့ကြသည် ။ အစ်ကိုကလည်း ဦးစွာရောက်နှင့်နေပြီး အအေးသောက်နေရင်းနှင့်ပင် ခွန်း တို့အားလက်ပြကာ နှုတ်ဆက်လာသည် ။

LOVE OR HATE ? [Completed]Where stories live. Discover now