Part 20 (Uni)

7.2K 624 62
                                    

LOVE OR HATE ?

Part 20

Unicode

"ညီလေးခွန်း ဘယ်တွေသွားနေတာလဲကွာ..အစ်ကို့မှာ စောင့်နေရတာ ။ "

မိမိအားအိမ်တွင် အိမ်တော်ထိန်းနှစ်ယောက်နှင့်ထားခဲ့ပြီး ကားကိုယ်စီဖြင့် နေ့လည်စာစားပြီးထဲကထွက်သွားကြတာ ညနေ လေးနာရီထိုးခါနီးမှပင်ခွန်း က ပြန်ရောက်လာသည် ။

"ဟီး Sorry အစ်ကို ့ကိုမေ့သွားပြီး အပြင်ထွက်သွားမိတာ.. "

"ကောင်းရောဗျာ ။ ကိုး ,ကလည်း ညီလေး ထွက်သွားထဲကပျောက်သွားတော့တာပဲ ။ "

ခွန်း , ကတော့ ကိုး ဖြစ်သွားသည့်မျက်နှာကိုတွေးမြင်နေတာကြောင့် ရယ်ချင်စိတ်ကိုပင် ထိန်းမရသေး ။

"ညီလေးခွန်း ဘာတွေပြုံးနေတာလဲ ။ "

"ဗျာ..မပြုံးပါဘူး ။ လေ့ကျင့်ခန်း လုပ်မယ်လေ အစ်ကို "

ခွန်း လေ့ကျင့်ခန်း လုပ်ပြီး အစ်ကိုဘိုဘိုပြန်သွားသည်အထိ ကိုး ကအိမ်ပြန်ရောက်မလာချေ ။
.
.
'' သား ခွန်း ရေ သားလေး ခွန်း "

ညစာစားပြီးနောက် ခွန်း မတီးတာကြာပြီဖြစ်သော Guitar လေးအား ကြိုးညှိနေတုန်း အန်တီအေးမူ မှ အခန်းတံခါးခေါက်ကာ အသံပြုလာသည် ။ ထို့ကြောင့် Guitar အားဘေးချကာအခန်းတံခါး ဖွင့်၍မေးလိုက်သည်..။

"ဘာဖြစ်လို့လဲ အန်တီအေးမူ "

"ဟို ..အောက်မှာ သားလေး ကိုး မူး လာလို့ ..အခန်းထဲ လည်းမသွားဘူး ဆိုပြီး ဧည့် ခန်းထဲမှာ အိပ်နေတယ် ။ "

"အာ..ဒီကောင်ကတော့ လုပ်ပြီ ။ ရတယ် ရတယ် ကျွန်တော်ပဲ တွဲတင်လိုက်မယ် အန်တီ အေးမူ တို့ သွားနားတော့လေ မိုးချုပ်ပြီ ။ "

ခွန်း , လည်း တစ်နေကုန် အိမ်အလုပ်များဖြင့်အလုပ်ရှုပ်နေသည့် အန်တီတို့ကို အားနာ၍ သူတို့ လင်မယားနေသည့် ခြံထဲက အဆောင်သို့ပြန်ကာ နားရန်ပဲပြောလိုက်သည် ။

"ကိုး..ဟေ့ကောင် ကိုးနိုင်းဇက် !!"

ဧည့်ခန်းထဲရှိ Sofa ပေါ်တွင် ခြေပစ်လက်ပစ်ဖြင့် အိပ်ပျော်နေသော ကိုး အား ခွန်းလှုပ်နှိုးလေတော့..

LOVE OR HATE ? [Completed]Where stories live. Discover now