Part 14 (Uni)

6.2K 626 37
                                    

LOVE OR HATE ?

Part 14

Unicode

ကိုး ,ဒီနေ့လည်း ညမိုးချုပ်မှသာ အိမ်သို့ပြန်လာဖြစ်သည် ။ အိပ်ခန်း တံခါးဖွင့်ပြီး ဝင်လာလိုက်တော့ Sofa တွင် ထိုင်နေသည့် ခွန်း အားတွေ့လိုက်ရသည် ။

"မင်း က မအိပ်သေးဘူးလား ။ "

မိမိအား မေးလာသော ကိုးကတော့ လုပ်ချင်ရာလုပ် ၊ သွားချင်ရာသွားပြီး တက်ကြွနေဆဲပင် ။

"အိပ်မပျော်လို့ ။ "

သူတို့နှစ်ယောက်၏ စကားပြောခြင်းသည် ထိုမျှသာ ..။

ကိုး , လည်းရေချိုးခန်းအတွင်းသို့ ဝင်ကာ ရေချိုးလိုက်သည် ။ ညအိပ်ဝတ်စုံ လဲနေရင်းမှမနက်က ကိစ္စအားပြန်သတိရသွားသည် ။

"မင်း ကခြေလှမ်းအတော် သွက်နေပါလား စိုင်းခွန်းသ "

"ဒါကတော့ ငါက အစ်ကို့ ကို သဘောကျတာကိုး..မင်းလို စိတ်ကစားမျိုးမှ မဟုတ်တာ ။ "

"ဘာပြောတယ် ! "

ကိုး , ခွန်း အား Sofa ပေါ်သို့ လှဲစေကာ အပေါ်ကနေဖိထားလိုက်သည် ။

"ဟေ့ကောင် လွှတ် ဘာလုပ်တာလဲ ။ ''

ကိုး ကလည်း မဖယ်ပေးပဲ ချုပ်ထားလိုက်သည် ။ ခွန်းကလည်း အောက်ကနေရုန်းကာနေသည် ။နှစ်ယောက်သားအတော်ကြာ ရုန်းရင်းဆန်ခက်ဖြင့် မောသွားကြကာ ကိုး ,  ခွန်းရင်ဘက်အပေါ်သို့မှောက်အိပ်လာသည် ။ ခွန်း ၏ ရင်ခုန်သံတွေက ရထားတစ်စင်းခုတ်မောင်းနေသလိုပင် ။

"မင်း ရင်ခုန်သံတွေမြန်နေတယ် ။ "

ကိုးက စကားဆိုလိုက်တော့..

"မောလို့ပေါ့ကွ ။ "

"ဟုတ်လို့လား ငါ့ကြောင့်မဟုတ်ဘူးလား ..Woo "

ကိုး , ခွန်းမျက်နှာ နားကပ်ကာ လေ လေးမှုတ်ပြီးမေးလိုက်သည် ။

ရုတ်တရက် ကိုး လုပ်လိုက်သည့် လုပ်ရက်ကြောင့် ခွန်း ပို၍ပင် ရင်ခုန်သံတွေမြန်လာကာ ဒူးဖြင့် သူ့ညီလေးအား တိုက်ချပေးလိုက်သည် ။

"အား!!! သေပါပြီ ခွေးကောင် စိုင်းခွန်းသ !! "

ကိုး, နာလွန်း၍ လက်ဖြင့်အုပ်ကာ ကြမ်းပြင်တွင်ခွေခွေလေးဖြင့် ခွန်း အား ဆဲဆိုနေတော့သည် ။
.
.
_______________

LOVE OR HATE ? [Completed]Where stories live. Discover now