Part 10 (ZG)

3.6K 190 2
                                    

LOVE OR HATE ?

Part 10

Zawgyi

"မင်းကိုစောင့်ကြည့်ပါလို့ မပြောဘူးလား ။ "

ရုံးခန်းထဲကထွက်လာသည်နှင့် ကိုး ,စတင်ကာ စကားဆိုလိုက်သည် ။

"အေးပေါ့ကွာ အပွါးခံရတာမဟုတ်လို့တော်သေးတာပေါ့ ။ "

"အခုတော့ ကျောင်းခေါ်ချိန်ဖြည့်ပေးမယ်ဆိုလို့ကျေးဇူးတင်ခဲ့ရပြီမှတ်လား ။
"

"ဪ ဒီတိုင်းဖြည့်ပေးတာကျလို့ Assignment တင်ရမှာလည်း ထည့်ပြောလေကွာ ။ "

"ဒါနဲ့ အိမ့်သဒ္ဒါ တို့အဆောင်ဘက်သွားရအောင် ။ အဲ့မိန်းမကို စာရင်းရှင်းရမယ် ငါ့ကားဘရိတ် ကြိုးဖြတ်တာလဲသူပဲ ။ "

" ဘယ်လို ဟုတ်လို့လားကွ မင်းကလည်း "

ခွန်း ,မထင်မှတ်ထား၍ နည်းနည်းတော့ အံဩ သွားရကာထပ်မံမေးလိုက်မိသည် ။

"အေး Daddy တို့ငှားထားတဲ့ စုံထောက်က Condo CCTV ကနေ Record ယူထားပြီး ငါ့ကိုပြတာ Club မှာမင်းကို ထိုးသွားတဲ့ကောင်တွေနဲ့ တူတူပဲ ။ "

"ဟာ! လုပ်ရက်လိုက်တာကွာ ။ ဒါဖြင့် ငါတို့ကို club မှာထိုးတဲ့ CCTV Record ကော ယူထားလိုက်လား ။ "

"စုံထောက်အစ်ကိုက သူသွားယူပြီးစုံစမ်းပေးထားမယ်ပြောတယ် ။ "

ခွန်း ,ခေါင်းသာ ပြန်ညိတ်ပြဖြစ်ပြီး အိမ့်သဒ္ဒါသို့ အဆောင်သို့လျှောက်လာခဲ့ကြတော့သည် ။

"စနိုး , အိမ့်သဒ္ဒါကော "

စာသင်နေသည့် ဆရာ မရှိသောကြောင့် ကိုး တို့အခန်းထဲပဲတန်းဝင်လာကာ စနိုးအားမေးလိုက်သည် ။ အခန်းထဲရှိ ကျောင်းသား၊ကျောင်းသူ များကလည်း စပ်စုစွာလိုက်ကြည့်နေကြသည် ။

"ဟယ် ! နင်တို့မသိသေးဘူးလား ။ သူကျောင်းပြောင်းသွားတာကြာပြီလေ ။ "

"တောက်! ဒီမိန်းမ တစ်ကွက်လျင်သွား ပြန်ပြီ ။ သူဘယ်ကျောင်းကိုပြောင်းသွားတာ လဲ ပြောသွားသေးလား ။ "

ခွန်း , စိတ်တိုစွာ စာရေးစားပွဲခုံပေါ်လက်နှစ်ဖက်ထောက်ချကာ မေးလိုက်မိသည် ။

LOVE OR HATE ? [Completed]Where stories live. Discover now