Part 19 (ZG)

3.3K 181 8
                                    

LOVE OR HATE ?

Part 19

Zawgyi

"အာ့ ! "

ကိုး , ခွန်း ထိုးလိုက်သည့် လက်သီးကြောင့် မျက်နှာ လည်ကာထွက်သွားပြီး တော်တော်ပင်နာသွားသည် ။ ဘယ်လိုပဲဖြစ်ဖြစ် သူနဲ့ ကိုယ် က အရပ်ကော Body ကောက မတိမ်းမယိမ်းပဲလေ ။ သူ့အား ကြီးနဲ့ ထိုးတာခံလိုက်ရတော့ မနာပဲရှိတော့မလား..။

"ဘာအတတ်ဆန်းတွေ ထွင်တာလဲ ဟေ့ကောင် !!! "

ခွန်း , ရုတ်တရက် ကိုး ၏ အပြုအမူကြောင့် လက်သီးကျွေးပလိုက်ကာ အော်ငေါက်လိုက်သည် ။

"စမ်းကြည့်တာ ယောကျာ်းလေးချင်းနမ်းရတာဘယ်လိုနေမလဲလို့ ဟက်! မဆိုးပါဘူး မင်းနှုတ်ခမ်းက နမ်းလို့ကောင်းသားပဲ ။ "

နှုတ်ခမ်းအား လက်နှင့်သတ်ကာ ဖြေနေသော ကိုး ၏ အဖြေကြောင့် ခွန်း ရင်ခုန်နေသော စိတ်တို့သည် ပျောက်ချင်းမလှပျောက်သွားရသည်..။

"ခွပ် !"

ခွန်း ,စိတ်တိုစွာ ထိုကောင်အား နောက်တစ်ကြိမ် ဆွဲထိုးပစ်ခဲ့ကာ ရေချိုးခန်းသို့ထွက်လာခဲ့သည် ။

ကိုး , မိမိအားထပ်ထိုးပြီး ထွက်သွားသည့် ခွန်း အား ကြည့်ကာ ရင်ခုန်သံ မြန်နေဆဲပင် ။
ဘာကြောင့် အခုလိုလုပ်မိသွားလဲဆိုတာကိုမစဉ်းစားတတ်သလို ဆက်လည်းမတွေးချင်တော့ ။ ထို့​ကြောင့် ပြတင်းပေါက်သို့ မှီကာ မသောက်တာကြာပြီဖြစ်သောဆေးလိပ်တစ်လိပ်အား ဖွာထုတ်နေလိုက်သည် ။

ခွန်း , ရေချိုးပြီး ထွက်လာတော့ ပြတင်းပေါက်ကိုမှီကာ အကျီချွတ်ပြီး အပေါ်ပိုင်း ဗလာဖြင့် မတ်တပ်ရပ်နေသည့် ကိုး ။ ကိုယ့်အားကျောခိုင်းနေသည်ဖြစ်တာကြောင့် ကုတင်ထက်ဝယ်နေရာယူပြီး စိတ်ညိမ်စေရန် ML သာထိုင်ဆော့နေလိုက်တော့သည် ။ သိပ်မကြာပါ ကိုး လည်းရေချိုးခန်းထဲသို့ ဝင်သွားခဲ့သည် ။
ထိုညက နှစ်ယောက်လုံး တိတ်ဆိတ်ကာ မိုးလင်းခါနီးမှသာ အိပ်ပျော်ခဲ့ကြသည် ။
[Note : မအလ China ကို Boycott ပါ ML ကိုမဆော့ကြနဲ့နော် ။ Fic အနေနဲ့ပဲမြင်ပေးပါ ပလိစ့် ]

LOVE OR HATE ? [Completed]Where stories live. Discover now