💕 Final (Uni)💕

10.6K 626 74
                                    

Love or Hate?

Final

Unicode

၅ နှစ်ခန့်ကြာပြီးနောက်

ခွန်း တို့နှစ်ယောက်လုံးကျောင်းပြီးပြီနောက် Daddy တို့အလုပ်တွင်သာဝင်ရောက် ဦးစီးပြီးလုပ်ကိုင်ပေးဖြစ်ကြသည် ။ မေမေ ကလည်း မြေးလေးလိုချင်ဆိုသည့်အတွက် America မှာ ဆရာဝန်နှင့် တိုင်ပင်ပြီး နှစ်ယောက်လုံး၏ မျိုးဥ ဖြင့် သားလေး နှစ်ဦး အားအောင်မြင်စွာ မွေးဖွားခဲ့ကြရာ အဖိုး အဖွားတွေ၏ အသည်းအသက်လေးတွေက အခုဆို နှစ်နှစ်ပင်ပြည့်တော့မည်ဖြစ်သည်..။

"ပါးပါး.."

ကိုး, အလုပ်သွားရန် အဝတ်အစား လဲနေတုန်း ပါးပါး ဟူသောခေါ်သံလေးကြောင့် လှည့်ကြည့်လိုက်တော့ ပုခက်ထဲမှ ကလေးပိစိလေးတွေထံမှဖြစ်နေသည် ။ လက်ကလေးတွေကလည်း မြှောက်ကာ မြှောက်ကာပြနေသည် ။

"ဟာ..ပါးပါး သားလေးတွေက စကားတွေပြောကြပြီလားကွ ။ "

ကိုး , သားနှစ်ယောက်အား ပွေ့ချီကာမေးလိုက်သည် ။

"အင့် ..ပါးပါး ဒယ်ဒယ် "

"ဒယ်ဒယ် တဲ့လားကွ Daddy ခွန်း ကိုခေါ်နေတာလား သားလေးတို့ "

ကိုး ,သားလေးတွေ၏ပါးတစ်ဖက်တစ်ချက်စီအား နမ်းကာမွေးရှိုက်တော့ တခိခိ ဖြင့်ရီသံလေးတွေ ဖုံးလွှမ်းလို့...။

"နိုင်း ရေ ပြီးပြီလား , သွားကြမယ်လေကွာ ။ "

အခန်းထဲမှထွက်မလာသေးသော နိုင်း အား ခွန်း ပြန်ဝင်လာကာမေးလိုက်သည် ။

"ပြီးပြီ မောင်..ဒီမှာ ခမ်းလေး နဲ့ ခေးလေး က ပါးပါး နဲ့ ဒယ်ဒယ် ဆိုပြီး ခေါ်တတ်နေကြပြီ ။ "

"Wow! ခေးလေး နဲ့ ခမ်းလေး Daddy ကို Daddy လို့ခေါ်ပါဦးကွ ။ "

ခွန်း လည်း သားလေးတွေ ရှေ့ ရပ်ကာ ကလူကျီဆယ်ပြီးပြောလိုက်တော့..

"ဒယ်ဒယ်.. အဟစ်ဟစ် "

အတတ်လေးတွေဟာ လူကြီးတွေပြောတာနားလည်နေသည့်အလား.. ။

"နိုင်း ကြားလား ကြားလား သားလေးတွေက မောင့်ကို ဒယ်ဒယ် လို့ခေါ်နေပြီ ။ "

LOVE OR HATE ? [Completed]Where stories live. Discover now