Part 12 (ZG)

3.4K 199 6
                                    

LOVE OR HATE

Part 12

Zawgyi

"ဘယ်လို Daddy !!"

"လက်ထပ်ရမယ်ဟုတ်လား Daddy !!"

"အေး ဟုတ်တယ် ။ ဒီတပတ် သောကြာနေ့ Hotel မှာ ပဲအကျဉ်းရုံး လက်ထပ်လိုက်ကြ ။ "

"ဟာ မဖြစ်နိုင်တာ မေမေ ပြောပါဦး ။ "

မေမေကတော့ ဘာစကားမှ ဝင်မပြောဘဲ သက်ပြင်းလေးသာ ချနေသည် ။

"ဟုတ်ပါတယ် အန်တီခိုင်ရယ်..ကျွန်တော်တို့ ဘာမှမဖြစ်ပါဘူး..ယုံပါဗျာ လက်တော့မထပ်ပါရစေနဲ့ ။ "

"တိတ်စမ်း ကိုးနိုင်းဇက် ! ဘာမှဖြေရှင်းချက်မပေးနဲ့ ။ ငါတို့မျက်စိနဲ့မြင်တာပဲ ငါတို့ယုံမယ် ။ "

ကိုး ,အန်တီခိုင့် လက်လေးဆွဲကာပြောနေတုန်း Daddy ကပိတ်ဟောက်လာ၏ ။

"ကောင်းပြီလေ Daddy ကျွန်တော့်ကို ကားပြန်မောင်းခွင့်ပေး အဲ့တာဆို လက်ခံမယ် ။ "

"ဘာ ! ဟေ့ကောင် ရူးနေလား ။ ဘာအတွက်ကြောင့်လက်ထပ်ရမှာလဲ ။ "

သူ့ Daddy အားရှူးရှူးရှဲရှဲ ဖြင့်ပြန်ပြောလိုက်သော ကိုး အားခွန်းစိတ်တိုစွာအော်ပစ်လိုက်သည် ။ ဘာအတွက်ကြောင့် လက်ခံရမှာလဲ ။

"စိုင်းခွန်းသ!! , မင်းကဘာတွေများ မှန်ကန်အောင်နေထားလို့ လက်မခံ ပဲငြင်းနေတာလဲ ။ "

ခွန်း , ကိုး အားအော်ကာပြောလို့ပင်စကားမဆုံး Daddy ကပိတ်ဟောက်လာပြန်သည် ။

" ကျစ်! Daddy ရာ Daddy တို့ပြောတာဖြစ်မှမဖြစ်နိုင်တာကို "

"ကဲ နှစ်ယောက်လုံး ကိုအရင်လိုကားပြန်မောင်းခွင့်ပေးမယ် ။ ဒါပေမဲ့ ပြိုင်ကားတော့လုံးဝ မောင်းခွင့်မရတော့ဘူး ။ လက်ထပ်ဖို့သာ ပြင်ထားကြ ။ "

ပြောပြီး ထထွက်သွားကြသည့် Daddy နှစ်ယောက်ယောက် ကြောင့် ခွန်းတို့လည်း စိတ်ပျက်လက်ပျက်ဖြင့်သာ လက်ခံလိုက်ရတော့သည် ။
.
.
_________________

"ဟေ့ကောင် ငါတို့လက်ထပ်လိုက်တယ်ဆိုတာ ကျောင်းကသူတွေကိုမပြောနဲ့ နော် ။ စည်သူနဲ့ အာကာကိုပါမပြောနဲ့ ။ "

မဂ်လာလက်မှတ်ရေးထိုးပြီးသည်နှင့် နှစ်ယောက်သား တိုးတိုးတိုးတိုးဖြင့်သာ ပြောဖြစ်သည် ။

LOVE OR HATE ? [Completed]Where stories live. Discover now