Part 6 (Uni)

8.1K 773 60
                                    

LOVE OR HATE ?

Part 6

Unicode

"မင်းတို့နှစ်ယောက်ကလည်းကွာ ညကြီးမိုးချုပ်မှ ဘာစိတ်ကူးရပြီး ကားမောင်ပြိုင်ချင်ရတာလဲ ။ "

ချိန်းထားသည့်နေရာကို ရောက်သည်နှင့် အာကာတို့က စတင်ကာပေါက်ပေါက်ဖောက်နေတော့သည် ။

"အေး အာကာ ရာ..ငါလည်း ဖုန်းဆက်ပြီး အသည်းအသန်ခေါ်လို့ရောက်လာရတာ ။ "

"ငါတို့ကိုက သူတို့နဲ့သူငယ်ချင်းဖြစ်တာ ဝဋ်ကြွေးပါ စည်သူ ရာ ။ "

"ဟ!မင်း တို့နှစ်ယောက်က ဘာဖြစ်နေတာလဲ ။ ကိုယ့်သူငယ်ချင်း အချင်းချင်းကို ။ "

"ဟုတ်ကဲ့ပါ အစ်ကိုစိုင်းခွန်းသ ရယ်.. ကျွန်တော်တို့ ဘာမှမပြောတော့ပါဘူး ။ "

"အေး မပြောနဲ့ ခဏနေစမယ် ။ မင်းတို့နှစ်ယောက်အချိန်သေချာမှတ်ထား ။ "

"ဟုတ်ကဲ့ပါ အစ်ကိုကိုးဇိုင်းဇက် ''

စည်သူနဲ့ အာကာ တို့ အမြင်ကပ်သော်လည်း သူငယ်ချင်းတွေဖြစ်တာကြောင့် စနောက်ရင်းနဲ့ပင် ပြိုင်ပွဲ စလိုက်ကြသည်..။

READY !!
1 2 3 GO!!!!

အနက်ရောင် ကားလမ်းမထက်ရှိ အနီရောင် နှင့် အနက်ရောင် ပြိုင်ကားလေး နှစ်စီးတို့သည် လမ်းမီးတိုင်တွေအောက်မှာ ပြေးသန်းနေလျက် ။ ကားလေးထဲရှိကောင်လေးနှစ်ယောက်သည်လည်း သီချင်းသံလေးတွေဖြင့်အညီအနိုင်ရရန်စိတ်အားထက်သန်စွာအပြိုင်မောင်းနှင်နေကြရင်း..။

"ဒုန်းးးး"

ကျယ်လောင်စွာမြည်ဟီးလာသောအသံ ။ ရုတ်တရက် မိမိတို့ရှေ့တွင်ဖြစ်ပျက်သွားသော မြင်ကွင်းကြောင့် စည်သူ နှင့် အာကာ လည်း လူနာတင်ယာဥ် ကို ဖုန်းအသည်းအသန်ဆက်ကာ သူငယ်ချင်းနှစ်ယောက်ထံသို့ အပြေးလာခဲ့ကြသည်.. ။

"ခွန်း.. ခွန်း ထပါဦး.. သတိထားဦးလေ ။ "

"ကိုး..ကိုး သူငယ်ချင်း မျက်လုံး မမှိတ်သွား နဲ့နော် ..သတိထားဦး ။ ငါတို့ ဆေးရုံကားခေါ်ထားတယ် မကြာခင်လာတော့မှာ ။ "

စည်သူ နှင့် အာကာ သူငယ်ချင်းနှစ်ယောက်အား ကားထဲကနေဆွဲထုတ်ကာ အော်ပြောနေရင်း ပင် နှစ်ယောက်လုံးဟာ မျက်လုံးတွေပိတ်ကာ သတိလစ်သွားကြသည် ။ ကားနှစ်စီးလုံးက လည်းအကျည်းတန်စွာပျက်စီးသွားပြီဖြစ်သည်..။

LOVE OR HATE ? [Completed]Where stories live. Discover now