တောက်လျှောက်အတူရှိနေခဲ့သည့်တိုင်မျက်နှာချင်းမဆိုင်ဖြစ်ခဲ့ကြ၍လားမသိ၊ ငုံ့မိုးကြည့်နေသူကိုမော့ကြည့်မိတော့
ကြည်ရှင်းနေပါသည့်မျက်နှာကမျက်ဝန်းအိမ်တို့ကိုအခြား
နေရာဆီမရွေ့အောင်ညို့ငင်သည်။မျက်ခုံးတန်းတို့သည်ပြေပြစ်ထူထဲကာမျက်တောင်တိုစိပ်စိပ်တို့အောက်မှမျက်ဝန်းတို့ကကြည်လဲ့နေသည်။နှုတ်ခမ်းလွှာတို့သည်ပြုံးယောင်
သန်းနေခဲ့ပြီး စူးစူးနစ်နစ်ကြည့်လာသောအခါသူ့ပခုံးဖျားထံသို့သာအကြည့်ပို့လွှတ်ရတော့သည်။ဘာကြောင့်မှန်းမသိ မဟော်နဲ့ဝေးကွာနေခဲ့သလို...၊
"မင်းခုနက ဘာပြောလိုက်တာလဲ "
~ဩော်...မရည်ရွယ်ဘဲလွှတ်ခနဲထွက်သွားပါတယ်ဆိုမှ
မေးနေပြန်ပြီ။ဒီမျက်နှာကြီးကိုဘယ်နားထားပြီးထပ်ပြော
ရမလဲ ~ပခုံးသားတို့ကိုခပ်တင်းတင်းဆုပ်ကိုင်ကာမေးနေပုံက
အပြစ်သားကိုစစ်မေးနေသောအမှုစစ်ကဲ့သို့။"ဘာမှမဟုတ်ဘူး ဒီပါးစပ်ကြီးကပေါက်ပန်းလေးဆယ်လျှောက်ပြောလိုက်တာ ဟုတ်ပြီလား ဖယ်တော့ ကိုကြီးလည်းပါတယ် "
ရုတ်တရက် ထရယ်လိုက်သောကြောင့်မော့ငေးမိတော့
မဟော့်သွားတန်းဖြူ များကရင်ကိုဒိုင်းခနဲ...။
ရင်ဘတ်ထဲကအကောင် ငြိမ်နေလိုက်စမ်း!"မင်းကိုငါဘာမှမလုပ်ပါဘူးကွ ကလေးကျနေတာပဲ
ယောက်ဖ...အဲ မင်းကိုကြီးပါတာငါနဲ့ဘာဆိုင်လို့လဲ ""ချီးကိုကလေးလား ကိုကြီးကငါ့ကိုစောင့်နေမှာ "
"ခဏလေးပဲကိုကွာ..."
~နေပါဦး နေပါဦး ဒါကချွဲနေတာလား
သောက်ကျိုးနည်း...မြတ်မင်းမဟော်ကငါ့ကိုချွဲနေတာ ~"ဖယ် လွှတ် "
အာ...မြန်မာကားတွေထဲကလူဆိုးလက်ထဲရောက်နေတဲ့
ဇာတ်လိုက်မအထာနဲ့ ငါ့နှယ်သောက်ကျိုးတွေကိုနည်းလို့ !"အဟမ်း လွှတ်ပြီးမှပြော စိတ်ကျဉ်းကြပ်တယ် "
"မင်းငါ့ကိုမလွမ်းဘူးလား "
မလွှတ်ပေးသေးဘဲ ကိုယ်ကိုငုံ့၍မေးလာသည့်အခါသူ့ထံမှလေငွေ့နွေးတို့ကနဖူးပြင်ထံလာရောက်ထိပါးကျီစယ်သည်။ကိုယ့်နဖူးကိုခပ်ကြမ်းကြမ်းဖိပွတ်မိပြီးမှသူ့ကို
မလုံမလဲမော့ကြည့်မိတော့သူကရယ်နေပြန်သည်။
ရင်ဘတ်ထဲမှအကောင်ပေါက်ကခုန်နေသည်မှာ
အပြင်ထွက်လုမတတ်။
YOU ARE READING
CHEERLEADER (Completed)
Romanceကျွန်တော်တို့အားလုံးရဲ့ဘဝမှာ ကိုယ့်အပေါ်ကိုချစ်ခင်နားလည်ပေးမယ့်တစ်စုံတစ်ယောက်လောက်တော့ လိုအပ်ကြပါတယ်....။ (June 19,2020) ကျွန်တော်တို့အားလုံးရဲ့ဘဝမှာ ကိုယ့်အပေါ်ကိုချစ်ခင်နားလည်ပေးမယ့်တစ်စုံတစ်ယောက်လောက်တော့ လိုအပ်ကြပါတယ်....။ (June 19,2020)