Special Thanks

303 5 6
                                    

တစ်နှစ်ကျော်ကြာ ခရီးရှည်ကြီးကဒီနေ့မှာပဲပန်းတိုင်ရောက်ခဲ့ပါပြီ။ဒီလောက်ရှည်သွားလိမ့်မယ်လို့တကယ်မထင်ခဲ့မိတာ အလွန်ဆုံးရှိ၃၀လောက်ပေါ့ မှန်းထားခဲ့တာ။
အပိုင်း၅၀ ဟူး...တကယ်အရှည်ကြီးပဲ။
intro ကတည်းကအတူရှိပေးခဲ့ကြတဲ့သူတွေကိုရော
အွန်ဂိုးရင်းလိုက်ပြီးထပ်တူစီးမျောပေးကြသူတွေကိုရော
ဖတ်ပေးကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို
လှိုက်လှိုက်လှဲလှဲနဲ့ကို အများကြီးအများကြီးကျေးဇူးတင်ပြီး
ချစ်မြတ်နိုးရပါတယ်။ကိုယ်ကစကားမကြွယ်တော့လေ
ဒီလောက်နဲ့ပဲကိုယ့်ရင်ထဲကိုမြင်ပေးကြပါနော်။

ဒီကြားထဲအပျင်းတစ်ပြီးတစ်လမှတစ်ခါအပ်ပုဒိတ်ခဲ့တာတွေအတွက်လည်းအနူးအညွတ်တောင်းပန်ပါတယ်။
အားလည်းနာရတယ်။ကိုယ့်နေရောင်ခြည်လေးတွေက
စိတ်မကွက်ပါဘဲအဆုံးထိရှိပေးကြလို့ ကိုယ့်မှာပြောမပြ
တတ်အောင်ကြည်နူးရ၊ပီတိဖြစ်ရနဲ့ပါပဲ။
ဇာတ်သိမ်းပိုင်းရေးဖို့ကို ရင်အခုန်လွန်ပြီးလက်တုန်နေလို့
အခုလည်းအမှားပေါင်းတစ်သိန်းတစ်သောင်းနဲ့လက်စသတ်လိုက်ရတယ်။တကယ့်ဂယက်တွေပါပဲ။
ခုလည်းကိုယ်ဒီစာရေးရင်းလက်ဖျားတွေအေးစက်နေတာ။
ညနေ၆နာရီကတည်းကရေးနေတာ ခု၈နာရီခွဲတော့မယ်။
ကိုယ်ဗိုက်ဆာနေပြီ။အိမ်ကလည်းရှယ်ဆူနေပါပြီ။

Cheerleader ဖတ်ပြီးဒီခေါင်းစဉ်လေးနဲ့ဝတ္ထုကိုတွဲမြင်
ကြရဲ့လားမသိ။
Cheerleader က ဘောလုံးကွင်းတွေမှာ ပန်းဖွားလေးတွေတလှုပ်လှုပ်နဲ့ကပြဖျော်ဖြေပြီး အားပေးကြတဲ့သူတွေလေ သိကြမယ်ထင်ပါတယ်။
မဟော်ရဲ့အားအင်ကရှင်းဖြစ်သလိုပါပဲ
ရှင်းရဲ့အားအင်ကလည်းမဟော်ပေါ့ အဲ့သဘောမျိုးလေးပါ။
သူငယ်ချင်းတစ်ယောက်ကမေးလာတယ်
Cheerleader လို့ဘာကြောင့်ခေါင်းစဉ်ပေးတာလဲပေါ့။
ဟုတ် အပေါ်ကအကြောင်းကြောင့်ပါလို့။

ငဗစ်ကာလအိမ်မှာနေရတော့ ကျောင်းကိုမဟားတရားတွေ
လွမ်းလာလို့အမှတ်တရလေးဖြစ်အောင်ရေးခဲ့တဲ့ fic ပါ။
ဒီထဲကတစ်ချို့အကြောင်းအရာလေးတွေကဖြစ်ရပ်မှန်တွေပါပဲ။ခံစားချက်အစစ်အမှန်တွေလည်းဖြစ်တယ်။
မဟော်စံအိမ် ဆိုတာကတကယ်ကြီးမရှိပါဘူးနော်။
မြောက်ဦးနဲ့ပတ်သက်လို့စာအရေးအသားမှားယွင်းတာမျိုးရှိခဲ့ရင် ကိုယ့်ရဲ့ညံ့ဖျင်းမှုပါ။စိတ်အနှောင့်အယှက်တစ်စုံတစ်ရာဖြစ်စေခဲ့ရင်အနူးအညွတ်တောင်းပန်ပါတယ်နော်။

CHEERLEADER (Completed) Where stories live. Discover now