နေဝင်ရီတရောအချိန်၏ နီညိုရောင်အလင်းကအမှောင်ဘက်မရောက်ခင်ထက်သန်စွာလင်းနေသည်။
ပင်လယ်လေအေးကြောင့် ပူပြင်းတောက်လောင်မှုများက
ပျောက်ရှနေလျက်ရေလှိုင်းသံများကနားစည်ထိတိုင်အောင်
သာယာအေးမြစွာတိုးဝင်နေပါသည်။view point ရှိ မြွေလိမ်မြွေကောက်
လှေကားကိုတက်ရင်း
အပေါ်စီးမှအရှေ့ရှိအဆုံးမရှိပင်လယ်ကိုငေးနေရခြင်းက
အသက်ရှူ မှားလောက်ဖွယ်။စူးရှရှနေရောင်ဒဏ်မှကာကွယ်ပေးသောလက်ဖဝါးကြောင့်မြင်ကွင်းကိုသက်တောင့်သက်သာဆက်ငေးမိသည်။ဘယ်နှစ်ကြိမ်ကြည့်ခဲ့ဖူးပါစေ၊
တူညီသောခံစားချက်ကရိုးမသွားပါဘဲအတိုင်းအဆမရှိလှပ
ခမ်းနားနေခဲ့လျက်။"ဘယ်လိုလဲနေသာရဲ့လား"
လေတိုးသံနှင့်အတူ နားစည်ထိတိုင်အောင်နွေးခနဲဝင်လာပါသည့်အကြင်သူ၏စကားသံကြောင့်လှည့်ငေးမိသည်။
ခေါင်းတစ်လုံးစာပိုမြင့်နေသူကိုမော့ကြည့်ရင်း သူ၏ကြည်လင်နေပါသည့်မျက်ဝန်းများတွင်အာရုံစူးစိုက်ထားလိုက်သည်။သူ၏မျက်ဝန်းတွင်ထင်ဟပ်နေပါသောမိမိပုံရိပ်ကိုသဘောတကျဖြစ်ရရင်း ရွှတ်နောက်နောက်ပြောလိုက်မိပါသည်။"နေသာလွန်းလို့ မျက်စိတောင်စူးလွန်းနေပြီမဟုတ်လား"
ထိုအခါတွင်မဟော်ကသွားတန်းများပေါ်အောင်ပင်
ရယ်လိုက်ကာရှင်း၏ပါးချိုင့်နက်ရှိရာထံခပ်ဖွဖွတို့ထိလိုက်ပါ၏။"မနောက်နဲ့"
"ငါနေကောင်းနေပါပြီ ကလေးလိုဂရူစိုက်မနေစမ်းပါနဲ့"
"မင်းကကိုယ့်ရဲ့ကလေးပဲမဟုတ်လား"
"ဘာ!!!"
"လာ ကိုယ်ဂစ်တာတီးပြမယ် "
မဟော်ကရှင်း၏လက်ကိုဆုပ်ကိုင်ကာမြွေလိမ်မြွေကောက်လှေကားမှဂရူတစိုက်ဆင်းစေသည်။ပန်းခြုံသေးသေးလေးများအားဖြတ်ကျော်လာပြီးထောင့်ကျကျနေရာတစ်ခုကိုရွေးချယ်လိုက်ကာ နှစ်ယောက်သားဘောင်တန်းတွင်ထိုင်လိုက်သည်။ရှင်းကတန်းများလွတ်နေသည့်အပေါက်မှခြေနှစ်ဖက်ကိုချကာပင်လယ်ဘက်ကိုမျက်နှာမူပြီးထိုင်သည်။မဟော်ကပင်လယ်ရှိရာကျောခိုင်းထိုင်ရင်းဂစ်တာကိုကောက်ပွေ့လိုက်သည်။
YOU ARE READING
CHEERLEADER (Completed)
Romanceကျွန်တော်တို့အားလုံးရဲ့ဘဝမှာ ကိုယ့်အပေါ်ကိုချစ်ခင်နားလည်ပေးမယ့်တစ်စုံတစ်ယောက်လောက်တော့ လိုအပ်ကြပါတယ်....။ (June 19,2020) ကျွန်တော်တို့အားလုံးရဲ့ဘဝမှာ ကိုယ့်အပေါ်ကိုချစ်ခင်နားလည်ပေးမယ့်တစ်စုံတစ်ယောက်လောက်တော့ လိုအပ်ကြပါတယ်....။ (June 19,2020)