Ep-21

311 16 2
                                    

ကုတင်​​ပေါ်တွင်​ပိုးလို့ပက်​လက်​အိပ်​​နေကာ တရှူးးရှူးး
အသံပါထွက်​​နေ​သောသူ့ကိုငုံ့ကြည့်​မိသည်​။
Night duty လေးညဆက်​တိုက်​ဆင်းပြီးပင်​ပန်းသွား
သည်​ထင်​ အိပ်​​နေသည်​မှာသိုးလို့။
Uniform မလဲဘဲ မနက်​ခင်းကြီးအိပ်​​ပျော်​​နေသူထံမှ
ဆေးနံ့တို့ပါရလိုက်​သည်​။

ကျောင်းဖွင့်​စကညှပ်​ထား​သော ဆံပင်​ငုတ်​စိကအနည်း
ငယ်​ပြန်​ရှည်​လာကာ ​ခေါင်း​ပေါ်ဘီးမ​ရောက်​​သေး၍
မှိုလုံးဆံပင်​ဖြစ်​​နေ​သေးသည်​။ရင်​ဘတ်​​ပေါ်တင်​ထား
သောလက်​​ချောင်းတို့မှ မဆိုစ​လောက်​ရှည်​​နေ​သော
လက်​သည်းငုတ်​စိ​လေးများကိုမြင်​ရချိန်​မှာ​တော့
မ​ဟော်​ နှာ​ခေါင်းရှုံ့လိုက်​မိသည်​။

ညစ်​ပတ်​တာကိုမကြိုက်​ပါဘူး..!

စားပွဲ​ပေါ်မှ လက်​သည်းညှပ်​ကိုယူကာ ခုံပု​လေးကို
ဆွဲယူပြီးကုတင်​​ဘေးတွင်​ထိုင်​လိုက်​သည်​။
ရင်​ဘတ်​​ပေါ်တင်​ထား​သောသူ့လက်​ကိုကိုင်​လိုက်
သည့်​တိုင်​မနိုး​သေး။ဆွဲယူကာ​မွေ့ယာ​ပေါ်ချလိုက်​ပြီး
လက်​သည်းကြည်​ကြည်​များကို အသာအယာညှပ်​​ပေး
လိုက်​သည်​။တစ်​ချက်​တစ်​ချက်​ သူ့ဆီမှလွင့်​လာ​သော
ဆေးရုံနံ့နှင့်​အတူ သူဧ။်​ကိုယ်​ပိုင်​ရနံ့ကိုပါရ​သေးသည်​။
ကိုယ်​ပိုင်​ရနံ့ဆိုသည်​မှာလည်း Baby mild crazy
က​လေးကြီးမို့ ထိုအနံ့မျိုးကိုသာပိုရသည်​​လေ။

လက်​ငါး​ချောင်းစလုံးညှပ်​​ပေးပြီးသည်​အထိ
အိပ်​ပုတ်​ကြီးကမနိုးလာ​သေး။သူဧ။်​ညာဖက်​လက်
သည်​ ဟိုဖက်​ကုတင်​စွန်းတွင်​ရှိသည်​မို့ ကိုယ်​ကို
ကြွလိုက်​ကာ သူ့​ပေါ်မှ​ကျော်​ပြီးဆွဲယူလိုက်​သည်​။

သူ့ကိုယ်​သည်​အနည်းငယ်​လှုပ်​သွားပြီး မျက်​ခုံးတန်း
နှစ်​ခုတွန့်​သွားကာ နှုတ်​ခမ်းသည်​လည်းစုချွန်​သွား
ပြီး အင့်​ခနဲအသံထွက်​လာသည်​။မျက်​လုံးက​တော့
မပွင့်​။

"ဟား အိပ်​ပုတ်​ပဲ"

ခပ်​တိုးတိုးဆိုကာ ပြုံးလိုက်​မိပြီးသူ့လက်​ကိုအသာအယာ
ဆွဲယူကာ​မွေးညင်းနု​လေးများ​ပေါက်​​နေ​သော
လက်​​ချောင်းသွယ်​သွယ်​​သေး​သေး​လေးကိုဆုပ်​ကိုင်​မိ
သည်​။ဆောင်းအ​ငွေ့အသက်​တို့​ကြောင့်​သူဧ။်​လက်​သည်
အနည်းငယ်​​အေးစက်​​နေပြီး ​ထွေးဆုပ်​​ပေးထားချင်​စရာ
အ​နေအထားတွင်​တည်​ရှိ​နေပြန်​သည်​။

CHEERLEADER (Completed) Where stories live. Discover now