Ep-4

461 30 0
                                    

"အား ပျင်းလိုက်​တာကွာ"

ဒီ​နေ့စ​နေ​နေ့မို့ လုပ်​စရာအလုပ်​ကမရှိ ၊လည်​ပတ်​ဖို့သူငယ်​ချင်းဆိုတာကလည်း သူကဒီ​ဒေသနဲ့အစိမ်းသက်​သက်​ကြီး။

မထူးပါဘူး စက်​ဘီးနဲ့မြို့တစ်​ပတ်​ပတ်​ကြည့်​ရမယ်​။

"ဟဲ့ သားငယ်​ ဘယ်​ကိုတုန်း"

"မြို့ထဲသွားမလို့​မေကြီး"

"​ရော့​ရော့ မုန့်​စားဖို့ပိုက်​ဆံယူသွား"

အဲ့တာပဲကြည့်​။ ​မေကြီးကိုချစ်​တဲ့အထဲမှာအဲ့တာ​တွေလည်း
ပါတယ်​။ မချုပ်​ချယ်​တတ်​တဲ့အပြင်​ ကိုယ့်​အတွက်​လိုအပ်
တာမှန်​သမျှ မ​ပြောရပါဘဲဖြည့်​ဆည်း​ပေးတတ်​သည်​။
အလိုလိုက်​တာမျိုးမဟုတ်​ဘဲ နားလည်​​ပေးတဲ့သ​ဘော။

မေကြီးကို​ပြေးဖက်​ကာ ပါးကိုချွတ်​ခနဲနမ်းလိုက်​ပြီး

"သွားပြီ ​မေကြီး"

ဟိုတစ်​​နေ့က နှစ်​လမ်း​ကျော်​ရှိ မုန့်​တီဆိုင်​ကိုမျက်​စိကျ
နေတာမို့ အဲ့ဘက်​ကိုနင်းလိုက်​သည်​။လေ​လေးတဖြူးးဖြူးး
နဲ့လူကအလွင့်​။

ဆိုင်​​ရှေ့​ရောက်​​တော့လူအနည်းငယ်​ရှင်း​နေတာမို့
ဘေးခုံမှာထိုင်​ကာ မုန့်​တီသုပ်​တစ်​ပွဲမှာရင်း ​ဘေးနားက
အန်​တီကြီး​တွေရဲ့စကားကို နား​ထောင်​​နေလိုက်​သည်​။
စပ်​စုတာမဟုတ်​ဘူး​နော်​ ကျွန်​​တော်​က observation
ကောင်းတာ ဟဲဟဲ။

"ဒါ​ကြောင့်​ ​ပြောတာ​ပေါ့ က​လေး​တွေကသနားဖို့​ကောင်း
တယ်​လို့"

"ငါတို့အိမ်​က အမွှာနှစ်​​ကောင်​ကို​တော့ ​တော်​ရုံပဲလုပ်
ခိုင်းပါတယ်​​အေ တင်းကြပ်​လွန်းရင်​ စိတ်​ပင်​ပန်းကြမှာစိုး
လို့"

အမွှာနှစ်​​ကောင်​ဆို​တော့ လဝန်းငယ်​နဲ့ မိုးသားငယ်​များ
လား​တွေးမိ​သေး။အဲ့အန်​တီကြီးရုပ်​ကလည်း အမွှာ​တွေနဲ့
ခပ်​ဆင်​ဆင်​ရယ်​။

"မင်း​ဆွေမင်းမျိုးဆိုပြီး ဂုဏ်​ကလည်း​မောက်​​သေး
သားက ကိုယ့်​အမျိုးကိုပစ်​ပြီး တခြားသူနဲ့လက်​ထပ်​ထား
တာ"

CHEERLEADER (Completed) Where stories live. Discover now