Ep-50 (Final)

760 13 2
                                    

ရှားပါးလှပါသော out pass ရသည့်ရက်တွင် ရှင်းတစ်
ယောက် တောင်ယာသို့သွားရောက်လည်ပတ်ပြီးညနေစောင်းလောက်မှအိမ်ပြန်လာခဲ့သည်။
လမ်းမကြီးအတိုင်းမပြန်ဘဲ ဖြတ်လမ်းမှသာတစ်ကိုယ်တည်းလျှောက်လာမိသည်။
ှလမ်းတစ်လျှောက်တွင် မြက်ရိုင်းစိမ်း
ပြင်ကျယ်ကြီးကိုဖြတ်ရသည်။ခါးတစ်ဝက်အရှည်ရှိသောမြက်စိမ်းများလေယူရာယိမ်းနွဲ့နေသည်မှာ မျက်စိအေးပြီးလှနေသည်။ပြာလွင်နေပါသောမိုးသား
တိမ်ယံတို့အားမော့ငေးရင်း
ရှင်းတစ်ယောက်အလိုလိုပင်သီချင်းညည်းမိသွားလေသည်။

♥ နေတာအချိန်တွေကြာလာလေ
တွယ်တာတာတွေပိုလာလေ
ရင်မှာတစ်ဦးအပေါ် တစ်ဦးမှာလေ
အနီးအနားကမင်းလေးမြင်အောင်ဖွင့်ပြောဖို့လေ
နီးစပ်ခဲ့ပါရစေခံစားမှုတွေ

မဟော့်အားသတိရလွမ်းဆွတ်သည့်အခါတွင်ဖြစ်စေ၊
သူအနားတွင်မရှိသည့်အခါတွင်ဖြစ်စေ ရှင်းသည်မသိစိတ်မှအလိုအလျောက်ဤသံစဉ်အားရေရွတ်မိစမြဲ။
ပထမဦးဆုံးကြားခွင့်ရပါသော မဟော့်ဆီမှသီချင်းဆိုပြခြင်းဖြစ်သည်ကတစ်ကြောင်း၊ချစ်ရေးဆိုခြင်းခံခဲ့ရသောသီချင်းဖြစ်သည်ကတစ်ကြောင်းကြောင့် ဤသီချင်းအားလွန်စွာနှစ်သက်မိသည်။တစ်ကြောင်းချင်းစီတိုင်းသည် သူတို့နှစ်​​ယောက်​၏ခံစားချက်များနှင့် တိုက်ဆိုင်လွန်းသည်ထက်ပိုနေ၍လည်းဖြစ်လေသည်။ရှင်း၏အသံတိုး​ဖျော့ဖျော့သည်လေညင်းများနှင့်အပြိုင် ဝန်းကျင်တခွင်ခပ်သဲ့သဲ့လွင့်ဝဲနေခဲ့လျက်..။

♥ နေတာအချိန်တွေကြာလေ ရင်ခုန်သံမြန်လေ
အကြင်နာအချစ်တွေဖြစ်ပေါ်နေ
သိရဲ့နဲ့မင်းလေးဟန်ဆောင် နေဦးမလားလေ
နီးစပ်ခွင့်​ပေးပါ ငယ်သူငယ်ချင်းရေ

♥ မကြာခင်ပြန်ဆုံပါရစေ တို့ဆုတောင်းရင်းလေ
စိတ်ထဲမှာမှန်းမျှော် ပြန်ပြီးတွေး
ဘယ်သူအကြင်နာဆုံးလဲ အတိတ်ကိုလှမ်းကြည့်လှည့်
အို..မြင်နိုင်မယ်ဆို လှမ်းလို့လာခဲ့လေ

ချစ်ရသူသည်အဝေးတစ်နေရာတွင်ရှိပါသော်ငြား
အဘယ်သို့ပစ်ထားနိုင်ပါမည်နည်း။
မပြောပြခဲ့သောကိစ္စတစ်ချို့အားသိပြီးဖြစ်ပါသည်။

CHEERLEADER (Completed) Wo Geschichten leben. Entdecke jetzt