Ep-6

387 26 0
                                    

"​မေကြီး သားပြန်​​ရောက်​ပြီ"

"​​အေး​အေး"

ထမင်းစားခန်းထဲကလှမ်း​အော်​လိုက်​​သော ​မေ​မေ့အသံ
ကြောင့်​အထဲကိုဝင်​လာလိုက်​သည်​။ ကျွန်​​တော်​က
မေ​မေ​ခေါ်လိုက်​ ​မေကြီး​ခေါ်လိုက်​ ဖြစ်​​နေတာသတိထား
မိလား။အတည်​​ပြောရမဲ့ကိစ္စ​တွေဆို ​ဖေ​ဖေ၊​မေ​မေပဲသုံး
တယ်​။ ချွဲ​တော့မယ်​ဆိုရင်​ ​ဖေကြီး၊​မေကြီး​ပေါ့။သေချာတာ
ကပါးစပ်​ထဲ​တွေ့သလို အစုံပလုံ​ခေါ်တတ်​တာပဲ။

"ဘာဟင်းချက်​ထားလဲ ​မေ"

ကဲကြည့်​...​မေဖြစ်​သွားပြန်​ပြီ။ကျွန်​​တော်​ကအစုံပလုံ
ခေါ်ပါတယ်​ဆို။

"သားအကြိုက်​ ငါးဆီပြန်​ချက်​​လေ"

"အာ ​ရော့​ရော့အချစ်​​တွေအများကြီးယူ"

ဟင်းချက်​​နေ​သော ​မေ​မေ့ကိုယ်​ကိုဖက်​ကာ
အာဘွား​တွေမနားတမ်း​ပေးလိုက်​သည်​။
ဘယ်​အချိန်​ဖြစ်​ဖြစ်​​မေ​မေ့ပါးက ​မွှေး​နေတာပဲ။

"ကဲကဲ သားကြီးအတွက်​ဟင်းထည့်​​ပေးမလို့
မေ​မေကြက်​သား​ကြော်​လိုက်​မယ်​ အပြင်​သွား​နေ"

"က​လေးမှမဟုတ်​တာ ​မေ​မေရာ အဲ့​လောက်​​​ညှော်​နံ့
လေး​တော့ သားခံနိုင်​ပါတယ်​"

"အပြင်​သွား​နေပါဆို ကဲ"

"ဟုတ်​ဟုတ်​"

ဧည့်​ခန်းထဲထိုင်​ပြီး ဇာတ်​ကားထိုင်​ကြည့်​​နေလိုက်​သည်​။
korea နန်းတွင်းကားကြည့်​​နေရင်း လဝန်းငယ်
ပြောပြ​သော အ​ကြောင်းအရာများကိုပြန်​​တွေးမိသည်​။

မ​ဟော်​စံအိမ်​​တော်​ကြီးသည်​ ​ရှေးရခိုင်​မင်းဆက်​များ
လက်​ထက်​ကထဲကတည်​ရှိခဲ့သည်​။ဦးမ​ဟော်​နှင့်
စောသိဂီင်္လက်​ထက်​တွင်​ သူရမ​ဟော်​ ဟူသည့်
သားရတနာတစ်​ဦးထွန်းကားခဲ့သည်​။

စောသိဂီင်္သည်​ ​ရှေးရိုးစွဲကြီးလွန်းကာ ရခိုင်​ဗမာ အ​ရေး
အခင်းအ​ပေါ်တယူသန်​လွန်းသူဖြစ်​သည်​။သားဖြစ်​သူ
ရန်​ကုန်​တွင်​ ပညာသင်​သွားမည်​ကိုပင်​သ​ဘောမကျ
ကန့်​ကွက်​ချင်​​သော်​လည်း အိမ်​ဦးနတ်​ဧ။်​အလိုကျ
လိုက်​​လျောခဲ့ရခြင်းပင်​။

CHEERLEADER (Completed) Where stories live. Discover now