Ep-16

305 23 3
                                    

ကမ်းနားလမ်းတစ်​​လျှောက်​ ​လေ​တွေတဖြူးးဖြူးးတိုက်
နေသည်​။ကမ်းစပ်​ကိုရိုက်​ခတ်​လျက်​ရှိ​သော
ရေလှိုင်း​များသည်​ အဖြူ​ရောင်​အမြှုပ်​တို့ဖြစ်​သွားသည်
မှာ ဘယ်​​တော့ကြည့်​ကြည့်​မရိုးနိုင်​​သောအရာ။
ဟိုးအ​ဝေးဆီကို​မျှော်​ကြည့်​လျှင်​ မှိုင်းပြပြရှိ​နေ​သော
ကျွန်းစွယ်​လိုလိုအစုအစုဖြစ်​​နေ​သောအရာများကို
တွေ့ရမည်​။ဒါကတစ်​ဖက်​ကမ်းရှိ​သောင်​ပြင်​လည်း
ဖြစ်​နိုင်​သည်​။

ကျောင်းဝန်းထဲတွင်​​တော့ ဖြူ နီ​ကောင်​မ​လေးများကို
တွေ့နိုင်​သည်​။မိဘများနှင့်​​ကျောင်းသားများရှုပ်​လျက်
ရှိ​နေ​သောဤရပ်​ဝန်းသည်​ကား ရှင်းဆက်​တက်
ရောက်​မည့်​ Nursing Training School
ပင်​ဖြစ်​သည်​။

School Uniform အပြည့်​နှင့်​စတိုင်​လ်​ကျ​နေ
သောရှင်းဆက်​အား လဝန်းငယ်​နှင့်​လဲ့လဲ့သည်
ကြည့်​၍မဆုံးနိုင်​ကာ ပြုံးစိစိနှင့်​တွတ်​ထိုး​နေကြ​သေး
သည်​။

"ဖြူ နီဝတ်​ထား​ပေမဲ့ အ​ဝေး​ပြေးလမ်းမဖြစ်​​နေတဲ့
နင်​တို့ကဘယ်​လိုမှကြည့်​ရအဆင်​မ​ပြေဘူး"

လဝန်းနှင့်​လဲ့တို့ဧ။်​အကြည့်​သည်​ ချက်​ချင်း
အေးစက်​သွားပြီး ရှင်းဆက်​သည်​လည်းအ​ခြေ
အ​နေကိုကြိုသိသည်​နှင့်​ ​ရှောင်​​ပြေး​လေသည်​။

"ဟဲ့အ​ကောင်​ မ​ပြေးနဲ့"

ဒီနှစ်​​ယောက်​ကိုရှင်းဆက်​ဘယ်​လိုမှမနိုင်​ပါ။
ဝိုင်းဝန်းချုပ်​လိုက်​ကြပြီး အမဲဖျက်​​တော့မည့်
အကြည့်​တို့အား ရိပ်​စားမိ​သောရှင်းဆက်​က
ချက်​ချင်းမျက်​နှာချို​သွေးလိုက်​ကာ

"စတာပါဟာ နင်​တို့ကလည်း"

မျက်​နှာ​လေးကိုအစွမ်းကုန်​ငယ်​ချလိုက်​ကာ
မျက်​​တောင်​​လေးပုတ်​ခတ်​ပုတ်​ခတ်​ဖြင့်
ပြောလိုက်​သော ရှင်းဆက်​​ကြောင့်​ ဝမ်းမနာမိခင်
နှစ်​​ယောက်​မှာလွှတ်​​ပေးလိုက်​ရ​လေသည်​။

အစ်​ကိုရှိ​သော်​လည်း အတူမ​နေခဲ့ရ​သောရှင်းဆက်
သည်​ စိတ်​ကြိုက်​ဆိုးခွင့်​မရ​သော​ကြောင့်​ သူငယ်​ချင်း
များအ​ပေါ် အစ်​မလို၊ညမလိုသ​ဘောထားဆက်​ဆံကာ
ဆိုးတတ်​​လေသည်​။သူငယ်​ချင်းမ​လေးနှစ်​​ယောက်
သည်​လည်း ရှင်းဆက်​အ​ပေါ် ​မောင်​ငယ်​​လေးလို
သ​ဘောထားချစ်​ခင်​​သော​ကြောင့်​ သူတို့ကြား
Relationship မှာအမှန်​တကယ်​ကိုပင်​ချစ်​ဖွယ်
ရာ​ကောင်း​နေ​လေ​တော့သည်​။

CHEERLEADER (Completed) Where stories live. Discover now