Ep-2

687 42 4
                                    

နံနက်​ခင်း​နေ​ရောင်​ခြည်​ကပြတင်း​​ပေါက်က​နေ​​စူးစူးရှရှ
ဝင်​​ရောက်​လာတယ်​။ ​ကျေးငှက်​သာရကာ​တွေရဲ့
ကျလိကျလိ ​အော်​သံကသာယာလိုက်​တာ.....

လို့​ပြောမယ်​ထင်​လား..။ နားညီးလိုက်​တာဆိုတာ ​ကောင်း​ကောင်းမအိပ်​ရဘူး။ကျွန်​​တော်​ကသဘာဝအလှအပ
တွေမခံစားတတ်​ဘူး။ အင်း အနုအရွ​တွေမကြိုက်​ဘူးဆို
ပိုမှန်​မယ်​ဗျာ့။ဖေ​ကြီး နယ်​​ပြောင်းလို့ ​တောင်​ကြီးတို့ဘာတို့
ရောက်​ဖူးတယ်​။အေးစိမ့်​စိ​မ့်​နဲ့ ​ကော်​ဖီ​လေး​သောက်
စာအုပ်​​လေး​ကောက်​ကိုင်​ ဟင့်​အင်းကျွန်​​တော်​ကအဲ့လို
ကောင်​မဟုတ်​ဘူး။ ချမ်းရင်​​စောင်​ပုံထဲ​ကွေးပြီပဲ။

မြောက်​ဦးမြို့ကတကယ်​မိုက်​တယ်​ဗျာ။ မြင်​မြင်​သမျှဘုရား
တွေချည်းပဲ။ ကျွန်​​တော့လိုတစ်​လ​နေလို့ ဘုရား​ကျောင်းကန်​တစ်​​ခေါက်​မ​ရောက်​တဲ့သူ​တောင်​ သပ္ပါယ်​ပြီးကြည်​ညို
စရာ​ကောင်းတဲ့ဘုရား​တွေဖူးပြီး ပီတိဖြစ်မဆုံးပဲ။

ကျွန်​​တော်​အခက်​​တွေ့တာက​တော့ ဒီကရခိုင်​စကား​တွေ
နားမလည်​တာပဲဗျို့။ အဲ ဟို​ကောင်​ မြတ်​မင်းမ​ဟော်​ဆိုလား၊မင်းမြတ်​မ​ဟော်​သဓာဆိုလား အဲ့​ကောင်​က​တော့
ဗမာသံနည်းနည်း​ပေါက်​သားရယ်​။ဒါလည်း သူ့ကိစ္စပါ

"အငယ်​​ကောင်​​ရေ မနိုး​သေးဘူးလား ၈နာရီ
ထိုး​တော့မယ်​"

အောက်​ထပ်​ကလှမ်း​အော်​တဲ့​မေ့အသံကြားမှ
စောင်​ပုံထဲအ​တွေးလွန်​​နေရာက ထထိုင်​မိတယ်​။

မနက်​ခင်း​ဝေယျာဝိစ္စလုပ်​ပြီး ​အောက်​ထပ်​ဆင်းလာ​တော့
ဧည့်​ခန်းထဲ ​ဖေကြီးကသတင်းစာထိုင်​ဖတ်​​နေတယ်​။

"​morning ​ဖေကြီး"

ဖေကြီးကပြုံးပြီး​ခေါင်းတစ်​ချက်​ငြိမ့်​ပြတယ်​။
မေကြီးပြင်​​ပေးတဲ့မနက်​စာစား​ပြီး ​ကျောင်းကို​စော
စောထွက်​လာလိုက်​တယ်​။

ကျောင်းနဲ့အိမ်​ကသိပ်​မ​ဝေး​ပေမဲ့ ​ဖေကြီးဝယ်​​ပေးထားတဲ့
စက်​ဘီး​လေးနဲ့ပဲသွားဖြစ်​တယ်​။ ကျွန်​​တော်​ကစက်​ဘီးစီး
ရတာကြိုက်​တယ်​​လေ။

CHEERLEADER (Completed) Where stories live. Discover now