Ep-1

1.6K 63 5
                                    

ရှေး​ဟောင်းဘုရား​ပေါင်းများစွာနဲ့ ဂန္တဝင်​ဆန်​ဆန်​တည်​ရှိ​နေ​သော ​မြောက်​ဦးမြို့​တော်​...။မြင်​မြင်​သမျှဘုရား​စေတီပုထိုး​များကို ကြည်​ညိုစွာဖူး​မြော်​ခွင့်​ရမည့်​​ဒေသတစ်​ခုလည်းဖြစ်​​ပေသည်​။မြို့အဝင်​တွင်​ ​ရှေး​ဟောင်းတံတိုင်းကြီးကို အနည်းငယ်​ယိုယွင်း​နေ​သောအ​နေအထားဖြင့်​ ဝမ်းနည်းဖွယ်​​တွေ့မြင်​နိုင်​ပါသည်​။

"မ​ဟော်​စံအိမ်​"
မြို့​တော်​ထဲက အကြီးမားဆုံးစံအိမ်​တစ်​ခုပင်​ဖြစ်​သည်​။
ရှေးဘိုးစင်​​ဘောင်​ဆက်​ကပင်​တည်​ရှိခဲ့​သောဤစံအိမ်​ကြီးသည်​ ယခုထက်​တိုင်​ခမ်းနားလှပ​နေဆဲ...။

"မိလုံး​ရေ"

"ဘုရား"

"ညည်းမမ​လေးကိုသွားကြည့်​​ချေ"

"ဟုတ်​ကဲ့​ ကြီးကြီး"

ခြံထဲတွင်​မိလုံးနဲ့ကစား​နေ​သောက​လေးမ​လေးကိုအ​ပေါ်ထပ်​ပြတင်း​ပေါက်​မှ​ကောင်​​လေးသည်​ငြိမ်​သက်​စွာကြည့်​​နေခဲ့သည်​။ထို့​နောက်​ စားပွဲ​လေး​ပေါ်ပြန်​ထိုင်​ကာစာကြည့်​​နေခဲ့သည်​။ ကျွန်​​တော်​လည်းညမ​လေးလိုကစားချင်​တယ်​။
သူငယ်​ချင်းဆိုတာကြီးကိုလည်း​တွေ့ဖူးချင်​တယ်​။ ​ကျောင်းပိတ်​ရက်​​တွေတိုင်းသူများ​တွေလို​ဘောလုံးကန်​ကြ အပြင်​ထွက်​ကြ၊ကျွန်​​တော်​လည်းအဲ့လိုလွတ်​လွတ်​လပ်​လပ်​​နေချင်​တာ​ပေါ့။ဒါ​ပေမဲ့ ကျွန်​​တော့အ​ပေါင်းအ​ဖော်​ကစာများပင်
ဖြစ်​သည်​။ ​ဖေ​ဖေ​နဲ့​မေ​မေ့ရဲ့​မျှော်​လင့်​ချက်​အတိုင်း ကျွန်​​တော်​ဟာအ​တော်​ဆုံးဖြစ်​​နေရမည်​​လေ။

"သီရိမ​ဟော်​ အဆင့်​​တွေကျပြန်​ပြီ"

ဖေ​ဖေ့ရဲ့​ဒေါသသံကထမင်းစားခန်းထဲကလူအားလုံးကိုငြိမ်​သက်​သွား​စေသည်​။ ငချွတ်​မ​လေးသီရိကလွဲလို့​ပေါ့။

"ဟာ ​ဖေကြီးကလည်း အဆင့်​၂ရတာဘာဖြစ်​လို့လည်း
ကိုကိုက အဆင့်​၁ သမီးကအဆင့်​၂ ဘယ်​​လောက်​​ရှေ့သွား​နောက်​လိုက်​ညီလဲ"

"ငရဲငအုံ​တွေ​တော့ကြီး​တော့မှာပဲ စကားကိုဘယ်​လို​ပြော​နေတာလဲ သမီးငယ်​"

CHEERLEADER (Completed) Where stories live. Discover now