Ep-15

295 19 8
                                    


တိုက်​ဆိုင်​စွာပင်​ လဝန်းတို့​မောင်​နှမဂုဏ်​ပြုပွဲနှင့်
ရှင်းဆက်​တို့ဂုဏ်​ပြုပွဲက တစ်​ရက်​တည်းဖြစ်​​နေခဲ့
သည်​။ရှင်းဆက်​ကအိမ်​တွင်​ဧည့်​သည်​များဧည့်​ခံ
ရင်း နာရီတကြည့်​ကြည့်​ဖြစ်​​နေ​လေသည်​။

"အို ရတီ့သားငယ်​​လေးက ချစ်​ဖို့​ကောင်းလိုက်​တာ"

မေ​မေနှင့်​ယှဉ်​တွဲကာအနား​ရောက်​လာ​သော
အန်​တီ့်အား ပြုံးပြလိုက်​သည်​။ထိုအခါတွင်
အန်​တီမှာပို၍ပင်​ပြုံးရွှင်​သွားကာ

"ကြည့်​ပါဦး ရတီ့လိုပဲ ပါးချိုင့်​​လေးနဲ့
ကောင်​​ချော​လေး"

"ဟုတ်​ ​ကျေးဇူးပါအန်​တီ"

"အကြီး​ကောင်​​လေး​ရော"

"သားကြီးက exam ရှိလို့မလာနိုင်​ဘူး​လေ"

"​အငယ်​​ကောင်​​လေးကဘာတက်​မှာတဲ့​လဲ"

"ကျွန်​မက​တော့ ​ဆေးဖက်​ပဲပိုအားသန်​တာ
ဒါ​ပေမဲ့ သားငယ်​တက်​ချင်​တဲ့​ကျောင်းကို
ဦးစား​ပေးဖြစ်​မယ်​"

"အင်းအင်း ​ကောင်းတာ​ပေါ့"

"​မေ သား လဝန်းတို့အိမ်​သွားချင်​လို့"

"​ဩော်​ ​အေး ​မေ ​နောက်​ကလိုက်​လာခဲ့မယ်​"

စက်​ဘီးယူကာ လဝန်းတို့အိမ်​ဘက်​ထွက်​လာခဲ့
သည်​။သူတို့မလာမှ​တော့ကိုယ်​ပဲအ​ရောက်​သွား
လိုက်​တာ​ပေါ့။

လဝန်းတို့ခြံထဲမယ်​ လူ​တွေဆိုတာနည်းတာမဟုတ်​။
စက်​ဘီးကိုခြံ​ရှေ့တွင်​အဆင်​​ပြေသလိုရပ်​ထားခဲ့ပြီး
အိမ်​ထဲဝင်​လာလိုက်​သည်​။

"ဟယ်​ ရှင်းဆက်​ရယ်​ ငါတို့လည်းလာမလို့ဟာ
ဒီမှာလူ​တွေရှုပ်​​နေတာနဲ့"

လဝန်းငယ်​ကမြင်​မြင်​ချင်း ရှင်းဆက်​အနား​ရောက်
လာသည်​။အ​ပေါ်ထပ်​မှဆင်းလာ​သောမိုးသားငယ်
လည်း ရှင်းဆက်​​ရောက်​​နေသည်​ကိုမြင်​သည်​နှင့်

"သားကြီး​ရေ ငါလည်းလာ​တော့မလိုပဲ"

"နှစ်​​ကောင်​သား လူရုပ်​​ပေါက်​​နေပါလား"

CHEERLEADER (Completed) Where stories live. Discover now