Part 20

1.3K 121 18
                                    

“ မနေ့က မက်မွန်တောသခင် ဆူခံထိမှာစိုးလို့ အမြန်ပြန်သွားတာလား”

စာကြည့်စားပွဲခုံနှစ်ခုကို ပူးကပ်ထားရင်း နျူးနှင့် ရှန်းဝူပိုင်တို့က တခုံစီတွင် မျက်နှာချင်းဆိုင်ထိုင်ကြသည်။ စာဖတ်နေသည့် နျူးကို ရှန်းဝူပိုင်က မေးလိုက်ခြင်းဖြစ်၏။ နျူးက ခေါင်းတော့ဖော်မလာပဲ သူ့ခေါင်းကို ညိမ့်လိုက်ရုံသာညိမ့်ရင်း ဖြေလိုက်သည်။

“ ဟုတ်တယ်....လောင်ရဲ့က တခါတလေ အရမ်းစိတ်ပူတတ်တယ်။ “

ရှန်းဝူပိုင်က ပြုံးလိုက်ရင်း

“ နောက်တခါဆို မင်း မပြန်ရဲတာမျိုးရှိလာရင် ကိုယ်ကူပြီး ပြောပေးမယ်”

ထိုအခါမှ နျူးက သူဖတ်လတ်စ စာအူပ်၏စာရွက် အစွန်းနားလေးကိုကိုင်ရင်း သူ့ကိုမော့ကြည့်လာသည်။ ရှန်းဝူပိုင်က သူ့ကိုပြုံးပြ၏။ လောင်ရဲ့က သူနဲ့ ဆက်သွယ်တာမျိုး ၊ သူ့အနားမှာ ရှိနေတာမျိုးကို ရှောင်ရှားဖို့ပြောထားပါတယ်ဆိုမှ သူက လိုက်ပြောပေးပါမယ်ဆိုရင် လောင်ရဲ့က သူ့ကို ရက်နှစ်ဆယ်လောက် ပိတ်လှောင်ထားလိမ့်မည်။

ထိုသို့လည်း မဟုတ်သေး။ ကောင်းကင်မင်းကြီးကသာ ခွင့်ပြုဖို့ အမိန့်ပေးလိုက်ရင် လောင်ရဲ့က ဘာတတ်နိုင်မှာတဲ့လဲ။ သူ မနေ့ညကလည်း ထိုကဲ့သို့တွေးခဲ့သည်ပင်။

“ လူသားတွေအကြောင်း ဖတ်နေတာလား”

ရှန်းဝူပိုင်က စကားကိုအစဖြတ်လိုက်ပြီး နျူး၏ စားပွဲပေါ်တွင်ရှိနေသောစာအုပ်ကိုလှမ်းကြည့်သည်။ နျူးက သူဖတ်လက်စ စာအူပ်ကိုပြန်ငုံ့ကြည့်လိုက်ရင်း

“ ဟုတ်တယ်….ဒီမှာပါတဲ့ အတိုင်းဆို လူသားတွေက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ သူတို့ရဲ့ သက်တမ်းက နှစ်တစ်ရာလောက်ပဲ ရှိတယ်တဲ့။ အဲ့တာက အရမ်းကိုတိုတောင်းလွန်းတယ်…”

“ အဲ့ အချိန်လောက်က သူတို့အတွက် များစွာသော အရာတွေကိုလုပ်ဖို့လုံလောက်ပါတယ်။ လူသားတွေက လိုချင်တပ်မက်မှု အရမ်းများတဲ့သူတွေပဲ။ လိုချင်တပ်မက်မှုတိုင်းက ကိုယ်တို့တွေးသလို မကောင်းတာတွေကိုချည်း လိုချင်တပ်မက်တာမျ်ုးမဟုတ်ဘူး။ သူတို့မှာ တစ်ခါတလေ သူတို့ကိုယ်တိုင်တောင် နားမလည်နိုင်တဲ့ မျိုးစုံတဲ့ခံစားချက်တွေရှိတယ်။ သူတိူ့က ကိုယ်တို့လို စွမ်းအားမရှိပေမဲ့ သူတို့ရဲ့ စိတ်နှလုံးကနေ ပေါ်ထွက်လာတဲ့ များစွာသော ခံစားချက်တွေနဲ့ လောကကြီးမှာ နေထိုင်ကြတယ်၊ သူတို့မှာ ချစ်ခြင်း၊ မုန်းခြင်း၊ သနားဂရုဏာ…..”

The Deal With A Demon King Where stories live. Discover now