Part 52

241 26 5
                                    

Unicode

" သူ့ကိုဖမ်းလိုက်ကြ!!"

ယွင်းရန် ခန်းမဆောင်၏တံခါးအနားသို့ရောက်သည်နှင့်တပြိုင်နက် ရှန်းဝူပိုင်ထံမှ အသံထွက်ပေါ်လာသည်။ များစွာသော စစ်သည်တော်များသည်လည်း ခန်းမတံခါးအပြင်ဘက်မှ တမဟုတ်ချင်း ထပ်မံပေါ်ပေါက်လာလေ၏။ သေချာပေါက် ကြိုတင်ကာပုန်းအောင်းနေကြသယောင်ပင်။

ယွင်းရန်၏မျက်ဝန်းများက ရဲရဲတောက်နေလျက်ရှိပြီး သူ့ကိုယ်သူကိုပင် ထိန်းချုပ်နိုင်ရန် ခက်ခဲလာသည်။ ရှေ့၌ တားနေကြသော ထိုစစ်သည်များနှင့် ယွင်းရန်သည် ထပ်မံကာတိုက်ပွဲဆင်နွှဲရပြန်၏။ ရှန်းဝူပိုင်က သူ၏နေရာမှ ရုတ်တရက်ထလာကာ နျူး၏ဘေးနားတွင်ရပ်တန့်လိုက်သည်။ ဝိုင်းရံကာတိုက်ခိုက်ခံနေရသော ယွင်းရန်ကိုကြည့်ရင်း နျူး၏ခန္တာကိုယ်က တုန်ယင်နေ၏။ သိူ့သော် သူ၏မျက်နှာကတော့ ပြောင်းလဲခြင်းမရှိစွာ ယွင်ရန်ကိုသာ ကြည့်နေသည်။

ထိုသို့ ယွင်းရန်တဦးတည်း စစ်သည်များကိုတ်ိုက်ခိုက်နေသည့်မြင်ကွင်းကိုသာ ရပ်ကြည့်နေခဲ့သည့် နျူးအား ရှန်းဝူပိုင်က ဘေးစောင်းကာ ကြည့်လိုက်သည်။ နျူးကလည်း သတိထားမိသည့်အတိုင်း ရှန်းဝူပိုင်ကိုပြန်ကြည့်လိုက်ပြီးသည့်နောက် ပြုံးပြကာ ရှေ့သို့ထပ်မံကာခြေလှမ်းလိုက်ပြန်သည်။ ယွင်းရန်၏တိုက်ခိုက်မှုကြောင့် ကောင်းကင်ဘုံရှိ စစ်သည်တော်တော်များများပင် ဒဏ်ရာများရကာ ကျဆုံးနေတော့၏။ နျူးသည် တိုက်ခိုက်နေသည့်နေရာနှင့် မလှမ်းမကမ်းတွင် ရပ်တန့်လိုက်ပြီးနောက် တိုက်ခိုက်လှုပ်ရှားနေသည့် ယွင်းရန်ကိုကြည့်ကာ မိမိ၏လက်ဖဝါးကိုစုလျက် မိမိ၏နှလုံးသားရှိရာ ဘယ်ဘက်ရင်ဘတ်ပေါ်သို့တင်လိုက်သည်။ မျက်ဝန်းတို့ကို ပိတ်လှောင်ကာ ငြိမ်သက်လိုက်ချိန်၌ အားပြင်းသော စွမ်းအင်တို့က သူ၏ပတ်ပတ်လည်တွင် ပေါ်ထွက်လာလေတော့၏။ စွမ်းအင်၏လှုပ်ခပ်မှုက ပတ်ပတ်လည်ရှိလူများကိုပင် ယိုင်သွားစေခဲ့ရာ တိုက်ခိုက်နေကြသော ယွင်းရန်နှင့်စစ်သည်များသည်လည်း ထိုနည်းအတူပင်။

" အဟွတ်..."

စွမ်းအင်အငွေ့အသက်တို့ပျောက်ကွယ်ကာ တည်ငြိမ်သွားသည်နှင့်တပြိုင်နက် သွေးတို့က နျူး၏ပါးစပ်ဖျားမှာ ကျဆင်းလာလေတော့သည်။ ယွင်းရန်သည် ထိုအချင်းအရာကို မြင်သည်နှင့် တိုက်ခိုက်မှုကိုချက်ချင်းရပ်တန့်ကာ နျူးဆီသို့သွားရန်ပြင်လိုက်သော်လည်း သူ၏ကိုယ်ခန္တာသည် အားအင်ပြတ်လက်သွားသကဲ့သို့ ကြမ်းပြင်ပေါ်သို့ ဒူးထောက်လျက် ကျလေတော့၏။ ထို့နောက်ချက်ချင်းပင် ကျန်ရှိနေသော စစ်သည်များက ယွင်းရန်၏လည်ပင်းထက်၌ ၎င်းတို့၏ဓားသွားများကို တင်ထားလိုက်ကြသည်။

The Deal With A Demon King Where stories live. Discover now