Part 54

237 32 5
                                    

Unicode Ver

" ငါ့ကိုကယ်လာပေးလို့ မင်းကိုကျေးဇူးတင်ပါတယ်။ မတွေ့ရတာကြာပြီနော်...."

နျူးက ကျောက်မီးနဂါး၏ကိုယ်ပေါ်မှ ဆင်းလိုက်ပြီးသည့်နောက် ကျောက်မီးနဂါး၏နှာနုနေရာအား သူ့အစွမ်းကိုသုံးကာ ပွတ်သပ်ပေးနေလေ၏။ ထိုကောင်လေးက နျူး၏စွမ်းအင်ကို သဘောကျပြီး နျူးနှင့်လည်းခင်မင်သည့်ဆက်ဆံရေးမျိုး ရှိလေသည်။

နျူးက ကျောက်မီးနဂါး သူ့အားခေါ်လာသည့်နေရာကို တချက်ကြည့်လိုက်လေတော့မှ ဤနေရာက လျိုဝှမ့်ဖူချိုင့်ဝမ်းဖြစ်နေမှန်းသိလိုက်ရတော့သည်။ နျူးမှာ ကျောက်မီးနဂါးကိုပွတ်သတ်နေရာမှ သူပင်မသိလိုက်ပဲ သူနှင့်ယွင်းရန်တို့ပထမဆုံးတွေ့ဆုံခဲ့သည့်အချိန်များကို သတိရမိသွားလေတော့၏။ ပြီးမှသာ ကျောက်မီးနဂါးကိုကြည့်ကာ ပြုံးပြလိုက်ပြီး

" ငါ့ကို ဒီကိုခေါ်လာပေးတာ ကျေးဇူးပဲဲနော်...ငါ ကောင်းကင်ဘုံကိုပြန်မှဖြစ်မှာမလို့။ နောက်ပိုင်း ဘာကိစ္စပဲရှိရှိ ကောင်းကင်ဘုံကို တတ်မလာခဲ့နဲ့နော်။ မကောင်းတဲ့သူတွေ ရှိတာမလို့..."

နျူးပြောသမျှကို ကျောက်မီးနဂါးက နားလည်သိအလား ခေါင်းပင်ငြိမ့်နေသေးသည်။ နျူးသည်လည်း အစောပိုင်းရထားသော ဒဏ်ရာများကြောင့်ပင်လားမသိ တဖြည်းဖြည်းနှင့်ဖြူဖက်လို့လာလေ၏။ စွမ်းအင်တချို့သုံးကာ သူ၏ကိုယ်ခန္တာရှိ ဒဏ်ရာများ၊ ညစ်ပေနေသောအဝတ်များကို တမဟုတ်ချင်း သန့်စင်ကာ သွေးတို့ကိုလည်း ပျောက်ကွယ်အောင် ဖုံးကွယ်ပစ်လိုက်၏။ မျက်ခုံးအလည်ရှိ နှင်းပွင့်ချပ်အမှတ်ကိုလည်း မီးခိုးရောင်မှ ဖြူစင်နေသော အရောင်အဖြစ်တောက်ပအောင် ပြင်လိုက်သည်။

အားလုံးပြီးသွားသည့်အချိန်၌ ကိုယ်ခန္တာကပိုကာအားနည်းလာသောကြောင့် အနည်းငယ်ပင် ယိုင်သွားသေးသည်။ ကျောက်မီးနဂါးက စိုးရိမ်စွာဖြင့် သူ့ကိုကြည့်နေသော်လည်း နျူးကပြုံးပြလျက်ပင်

" ငါ ဘာမှမဖြစ်ဘူး။ မင်း ငါပြောတာကိုသာ သေချာနားထောင်ပါ။ ကောင်းကင်ဘုံကိုမလာနဲ့။"

နျူးကထိုကျောက်မီးနဂါးအား ကျောခိုင်းရန်သွားဖိူ့ပြင်လိုက်သည်။ ထို့နောက် တစုံတစ်ခုကိုသတိရမိသလိုဖြင့်

The Deal With A Demon King Where stories live. Discover now