Part 36

374 53 1
                                    

Unicode Ver

ဆံထိုးသည် ပိုင်ရှင်ထံသို့ရောက်သည်နှင့် တခဏမျှလင်းလက်သွားလေသည်။ ထို့ကြောင့်ပင် ချီယွမ်သည် သူ့လက်ထဲတွင် ဆုပ်ကိုင်ထားမိသော ဆံထိုးကိုသာကြည့်နေမိသည်။ အဆက်အစပ်မရှိစွာ ရှန်းဝူပိုင်က မိမိအားလာတောင်းပန်မည်ဟူသောစကားကြောင့် သူ ရှန်းဝူပိုင်ကိုတော့ တချက်ပြန်မော့ကြည့်မိသည်။ သို့သော် ရှန်းဝူပိုင်က သူ့အား အသာပြုံးပြပြီး သူ့လက်တွေကို ပြန်လွှတ်ပေးလိုက်သည်။ ထို့နောက် သူ့အားကျောခိုင်းကာ ထွက်ရန်ပြင်လိုက်ပြီးမှ ခတ္တရပ်တန့်၍

“ ဒီကိစ္စက ယွင်းရန်လည်းသိပြီးလောက်ပြီ။ မင်းအသက် ၁၈ပြည့်ရင် မင်းဆီကနေသူစုပ်ယူမဲ့ စွမ်းအင်က အလုပ်ဖြစ်မှာမဟုတ်ဘူး။ နျူး နတ်သက်ကြွေတဲ့အချိန်က သူ့ရဲ့အမြုတေနဲ့ သူ့ရဲ့ကိုယ်ကို တစ်ခုစီခွဲထုတ်ပစ်လိုက်တယ်။ အဲ့တာကြောင့် မင်းကလူသားကလေးတယောက်အနေနဲ့ ပြောင်းလဲသွားပြီး သာမာန် ကောင်လေးတစ်ယောက်ဖြစ်သွားတာ။ ပြီးပြည့်စုံတဲ့ နတ်ဘုရားတစ်ပါးအဖြစ်ဆိုရင် မင်းက မင်းရဲ့အမြုတေကို အရင်ဆုံးမင်းနဲ့ ပေါင်းစပ်မှရမယ်။ အမြုတေက သူ့ရဲ့ပိုင်ရှင်အနားရောက်မှသာ တောက်ပမှုနဲ့ အသုံးဝင်မှုကိုပေးတာ။ အဲ့ဒီနှစ်ခုက တနေရာစီမှာသာဆို အမြုတေကိုရတဲ့သူပဲဖြစ်ဖြစ် မင်းရဲ့ကိုယ်ကိုရတဲ့သူပဲဖြစ်ဖြစ် တစ်ခုပဲရှိမယ်ဆိုရင် အသုံးမဝင်နိုင်ဘူး။

ယခုလက်ရှိ ချီယွမ်ဆိုတဲ့မင်းရဲ့ကိုယ်က သန့်စင်တဲ့ နှင်းပွင့်ချပ်ကမွေးဖွားလာတာမို့ သုံးလောကရဲ့အသန့်စင်ဆုံးအမြုတေပိုင်ရှင်ယွင်းရန်ရဲ့အမှတ်အသားပေးမှုနဲ့ ပေါင်းစပ်တဲ့အခါ မင်းက အမြုတေမရှိရင်တောင် အလွန်အဖိုးတန်တဲ့ အစားအသောက်တစ်ခုဖြစ်နေလိမ့်မယ်။”

ရှန်းဝူပိုင်က ချီယွမ်ဘက်သို့ပြန်ကာမျက်နှာမူလာသည်။

“အမြုတေဘယ်မှာရှိနေလောက်တယ်ဆိုတာကို ယွင်းရန်မသိလောက်တာမို့ သူသာမင်းကိုမသတ်ချင်တော့ဘူးဆိုရင်  သူမင်းဆီကိုလာပြီး အန္တာရယ်ပေးမှာမဟုတ်ဘူး။ အကယ်၍များ သူသာအမြုတေကိုရှာနိုင်သွားလို့ မင်းကိုထပ်လာရှာတဲ့အခါ ကိုယ်မင်းကိုကာကွယ်ပေးဖို့ ဆန္ဒရှိပါတယ်။

The Deal With A Demon King Where stories live. Discover now