Part 23

632 102 14
                                    

ယွင်းရန် ဖြေးညှင်းစွာနှင့်ပင် နျူးအား သူ၏ဆယ်ပေပတ်လည်နီးပါးကျယ်ပြီး ကုတင်တစ်ခုလုံးအား ကျားကဲ့သို့သော သားရေဖြင့်ခင်းကျင်းထားသော အိပ်ယာထက်တွင် ချပေးလိုက်သည်။ အိပ်ပျော်နေသော နျူး၏ပုံစံကဖြူစင်ကာနေပြီး ယွင်းရန်မှာ ယခုအချိန်ထိအားမရနိုင်သေးပဲ သူ့ဘေးတွင်ပင်ဝင်ထိုင်မိပြီး နျူးကိုလည်း အကြည့်မလွှဲနိုင်သေးချေ။

နတ်သူငယ်အသွင်ကြောင့် ပြန်လည်ပေါ်ထွက်လာလေသော မျက်ခုံးနှစ်ခုကြားရှိနှင်းပွင့်ချပ်ကလေးမှာလည်း မှိန်ဖျော့ဖျော့အရောင်ဖြစ်ပြီး တချက်တချက် လင်းလက်နေပါသည်။

ယွင်းရန်က နျူး၏မျက်နှာတစ်ခုလုံးနီးပါးပေါ်သို့ ဝေ့ဝဲကျသလိုဖြစ်နေသော ဆံနွယ်ဖြူများကို ဘေးသို့ပို့လိုက်၏။ ပြီးနောက် သူမျက်မှောင်တချက်ကြုတ်ကာ ခေါင်းရှိဆံနွယ်ဖြူတွေကို ဖရိုမရဲနှင့်မလွတ်လပ်အောင် စည်းနှောင်ထားသည့် ဆံထိုးကိုတွေ့လိုက်ရသည်။ ထို့နောက် သူထိုဆံထိုးအား နျူး၏ခေါင်းရှိဆံနွယ်များကြားမှအသာဆွဲဖြုတ်လိုက်ပြီး

" မင်းက ဘာအဆင်တန်ဆာမှမပါမှ ကြည့်လို့ကောင်းတာ..."

ယွင်းရန်က ဆံထိုးအား ဘေးရှိတနေရာတွင်ချထားလိုက်ပြီး နျူး၏ခေါင်းကိုအနည်းငယ်မြှောက်ကာ သူ၏ဆံနွယ်တွေကို သေချာနေရာချပေးလိုက်သည်။ ပြီးနောက် သူအိပ်ပျော်နေသော နျူးကိုသာ ဆက်တိုက်ကြည့်နေမိသည်မှာ တိဟွကသူ့ဆီသို့ရောက်မလာခင်အထိပါပင်။

“ အရှင်....အမြုတွေကိုပြန်ယူပြီးပါပီ။ ကျွဲဂျိုမိစ္ဆာရဲ့ဝိညာည်ကို ဘယ်လိုလုပ်ဖို့စိတ်ကူးထားပါသလဲ။”

ယွင်းရန် နျူးကိုကြည့်နေရာမှ အကြည့်လွှဲလိုက်ပြီး အိပ်ခန်းမဆောင်ကြီး၏အပေါက်ဝတွင် ရပ်တန့်နေသော တိဟွကိုလှမ်းကြည့်လိုက်သည်။ ပြီးနောက် သူထိုနေရာမှထလိုက်ပြီး

“ သားရဲဆောင်ကိုသွားရအောင်။ “

ယွင်းရန်ဦးဆောင်ပြီးထွက်လာလေတော့ တိဟွက နျူးကိုလှမ်းကြည့်လိုက်ရင်းပင်

“ နျူးကရော....အဆင်ပြေရဲ့လား “

ယွင်းရန်က သူ့လက်နှစ်ဖက်ကိုသာနောက်သိူ့ယှက်ထားလိုက်ရင်း ရှေ့သို့ဆက်လျောက်ကာ

The Deal With A Demon King Where stories live. Discover now