Part 27

460 57 2
                                    

Unicode Ver>>>

မကြာသေးခင်ကမှ အရှေ့ပင်လယ်ရေအောက်နန်းတော်၌ ရေနဂါးမျိူးနွယ်တွင် မင်းသားလေးတစ်ပါး ထပ်မံဖွားမြင်သည့် မင်္ဂလာသတင်းကြောင့် လောင်ရဲ့နှင့်အခြားနတ်ဘုရားတချို့ ​ကောင်းချီးပေးရန်သွားကြသည်။ နျူးမှာ သုံးရက်ခန့်လောက်သာ အချိန်ကုန်ဆုံးရသေးသော်လည်း အရမ်းကို ပျင်းနေပြီမို့ မက်မွန်တောထဲတွင်ရှိသော မက်မွန်ပင်တစ်ပင်ပေါ်သို့ တတ်လိုက် ခုန်ချလိုက်နဲ့ အလုပ်ရှုပ်ချင်ယောင်ဆောင်နေရပါလေသည်။ ရှေ့နှစ်ရက်လောက်က သူ့အတွက် အဖော်ကျိကျိရှိသော်လည်း ယခုကျိကျိက ရုတ်တရက်ဆောင်းခိုနေသလားထင်ရသလို တွင်းတစ်ခုတူးကာ အိပ်ပျော်နေပြီး သူ့ကိုဂရုမစိုက်ချေ။

မက်မွန်ပင်၏ခပ်ကြီးကြီး သစ်ကိုင်းတစ်ခုပေါ်မှ မြေပြင်ပေါ်ကို လှမ်းခုန်ချလိုက်ရင်းနှင့်ပင် ထိုကျသည့်အတိုင်းသာ ဆက်၍ဆောင့်ကြောင့်ထိုင်နေမိသည်။ ထိုကဲ့သို့ဆော့ရသည်မှာလည်း သူ့အတွက် ပျင်းစရာကောင်းလွန်းလှသည်။ နှင်းပွင့်ချပ်အမှတ်အသားလေးသည်လည်း သူ့နည်းတူ မှေးမှိန်ကာနေပါ၏။

“ ကောင်းကင်မင်းကြီးရဲ့ စာကြည့်ဆောင်ကို သွားလို့ရရင်ကောင်းမယ်။ အဲ့လိုသာဆို……ဟူးးးး”

နျူးက မက်မွန်ကိုင်းတစ်ခုကိုကိုင်ကာ မြေကိုထိုးဆွနေရင်း ရေရွတ်သည်။ထို့နော​က်တွင်ပဲ တစ်စုံတစ်ခုကို သူသတိရမိပုံရ၏။ ထိုသစ်ကိုင်းကို ပစ်ချလိုက်ပြီး ချက်ချင်းမက်တပ်ရပ်လိုက်သည်။ အကြံကောင်းတစ်ခုရသည့်အလား နဖူးရှိအရာလေးသည် လင်းလက်သွား၏။

“ ကောင်းကင်ဘုံစာကြည့်ဆောင်ကို သွားရင် နည်းနည်းစိတ်ဝင်စားစရာရှိလာနိုင်တယ်။ ပြီးတော့ လောင်ရဲ့ပြောတဲ့သူတွေလည်း အဲ့ကိုလာစရာအကြောင်းမှမရှိနိုင်တာ။ ဟုတ်တယ်မလား”

နျူးက ချက်ချင်းဆိုသလိုပင် သူ၏ဝတ်ရုံကိုမ, လိုက်ပြီး ပြေးထွက်လာလေသည်။

“ အ့…”

မက်မွန်တော တံခါးအဝမှာတင် သူ့ရဲ့ပြေးလွှားချင်းခြေလှမ်းတို့ကို ရပ်တန့်လိုက်ရ၏။ ထို့အပြင် သူသည် တစ်စုံတယောက်၏ရင်ဘတ်ထဲသို့တိုးဝင်တိုက်မိပြန်ပါသည်။ ထိုသူကလည်း သူ့အား နောက်ကျောဘက်ကိုအသာလှမ်းကိုင်ရင်း အနည်းငယ်မျှပင်ယိုင်နဲ့မသွားအောင် ထိန်းပေးထားရင်း

The Deal With A Demon King Where stories live. Discover now