Part 44

361 42 0
                                    

Unicode Ver

" ဒီနေရာက ကိုယ်သဘောအကျဆုံး စာကြည့်ဆောင်ပဲ။ ဒီကစာအုပ်နဲ့ ပေရွ​က်လိပ်တွေ အများစုက ကိုယ်စုဆောင်းထားခဲ့တာတွေ။ တချို့ဟာတွေဆို ကိုယ်ကောင်းကင်ဘုံကနေ လုလာတာ..."

" အိုးဟိုး...အဖိုးကြီးက လုတတ်တာပဲလား"

ယွင်းရန်က ချီယွမ့်အား သူယခင်ကနျူးကိုကြွားခဲ့တုန်းကလိုပင် သူ၏နန်းတော်တစ်ခုလုံးကို လိုက်ဲနေခဲ့ပြီး နော​က်ဆုံးတွင်တော့ သူသဘောအကျဆုံးနေရာဖြစ်သည့် စာကြည့်ဆောင်သို့ ရောက်လာခဲ့တော့သည်။

ချီယွမ်က စနောက်လိုက်ပြန်တော့ ယွင်းရန်က သဘောကျသည့်အတိုင်း ပြုံး၏။ ထိုမေးခွန်းကိုတော့ သူ မဖြေဖြစ်ပဲ ချီယွမ့်ကိုသာ မေးခွန်းထပ်မေးလိုက်လေသည်။

" မင်း သဘောကျတဲ့စာ​ပေအမျိုးအစားရှိလား"

"....အင်း...."

ချီယွမ်က ကျယ်ပြောလွန်းလှသော စာကြည့်ဆောင်နှင့်အတူ စာအုပ်တန်းများကိုသာ တချက်ကြည့်နေပြီးနောက် တွေဝေနေခဲ့၏။ တကယ်တမ်းတော့ သူသည် ထိုစာအုပ်များကိုစိတ်မဝင်စားပါချေ။ သူသည် ဓားသိုင်းကျင့်ခြင်းမဟုတ်လျင် အလောင်းကစားလုပ်နေရတာကိုမှ ပို၍ပျော်စရာကောင်းလိမ့်မည်ဟု ထင်မိသည်။

ဒါမှမဟုတ်လည်း ယွင်းရန်စာဖတ်နေစဥ်ဘေး၌ တချိန်လုံး ထိုအဖိုးကြီးအား စနောက်တာမျိုး၊ ထိုကိစ္စများကမှ သူ့အတွက်ပိုစိတ်ဝင်စားစရာကောင်းအုန်းမည်။ သိူ့သော် သူ၏စိတ်မဝင်စားမှုအား ယွင်းရန်ကိုပြရန်မဖြစ်ချေ။ ချီယွမ်သည် အနီးဆူံးတွင်ရှိသော စာအုပ်စင်တန်းဆီသိူ့သွားလိုက်ပြီး ရွေးချယ်ရန်ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း သူသည် မည်သည့်စာအူပ်တအုပ်ကိုဆွဲထုတ်ရမည်ကိုပင် မသိပဲ ရှိနေပါ၏။

ထိုအချိန်၌ နောက်တွင်ရှိနေသော ယွင်းရန်ကပင် သူ့ဘေးနားသိူ့တိုးကပ်လာကာ သူ၏ဦးခေါင်းအထက်နားရှိ စာအုပ်တန်းပေါ်မှ စာအုပ်တစ်အုပ်ကိုဆွဲယူလိုက်ပြီး

" ဒါမှမဟုတ် ကိုယ်တို့ မင်းရဲ့စွမ်းအားတွေကို တချက်လေ့လာကြည့်ပြီး ဘယ်လိုအသူံးချရမယ်ဆိုတာကို ဖော်ထုတ်ကြမလား"

The Deal With A Demon King Where stories live. Discover now