Part 48

314 27 7
                                    

Unicode

" ကျုပ်ကို အခုလွှတ်ပေး...လွှတ်ပေး...!!"

တိဟွသည် ဆံနွယ်များနှင့်ရစ်ပတ်နှောင်ကာထိန်းချုပ်ထားခံနေရသည့်တိုင်အောင် သူ၏ရုန်းကန်မှုက အရှိန်မလျော့သေးချေ။ အစောပိုင်း ကိုယ့်ထိုက်နဲ့ကိုယ့်ကံသာရှိပါစေတော့ဟူသော အတွေးစိတ်တို့က ယခုအချိန်တွင်တော့ ပုန်ကန်မှုကသာ ပိုအားကြီးလာနေပြီး ငယ်သံပါအောင်ပင် အော်ဟစ်နေပါလေတော့သည်။

သူ၏လက်ထဲတွင်လွန့်လူးနေသော တိဟွ၏ကျောပြင်ထက်တွင်ရှိသော ဒေါင်းမွှေးဖြူအမှတ်အား ကိုက်ရန် ပိုင်ယင်းချီသည် သူ၏ပါးစပ်ကိုအသာဟလိုက်၏။ သို့သော် တိဟွ၏အပြုအမူတွေကြောင့် သူ၏ပါးစပ်ကိုအသာပြန်စိလိုက်ပြီး ခေါင်းကိုငုံ့ကာ ပြုံးမိ၏။

ထို့နောက် တိဟွ၏ကျောနှင့် ရှေ့ရင်ဘတ်နားသို့ ထိတွေ့နေသော သူ၏လက်ကိုလွှတ်လိုက်ကာ မြှောက်လျက် အသာဝှေ့ယမ်းလိုက်ရင်း

" လွှတ်ပေးလိုက်!"

"......"

ပိုင်းယင်းချွီ၏ဆံနွယ်များသည် သခင်၏အမိန့်ကိုမလွန်ဆန်နိုင်သည့်နှယ် တိဟွအားချူပ်နှောင်ထားကြရာမှ ဖယ်ခွာသွားကြကာ သာမာန်ဆန်သော ဆံနွယ်များအဖြစ် ပိုင်ယင်းချွီထံတွင် ငြိမ်သက်သွားကြသည်။

တိဟွသည်လည်း မောဟိုက်နေသည့်အလား ကုတင်ပေါ်တွင် ပြန်ထိုင်လျက်အနေအထားဖြင့် ငြိမ်သက်နေပြီး ပိုင်ယင်းချွီကိုကြည့်ကာ မလှုပ်ရဲသေးချေ။ ပိုင်ယင်းချွီကပင် ရှေ့သို့တိုးကာ နောက်ဘက်သို့လျောကျနေသော တိဟွ၏ဝတ်ရုံအား ပြန်ဆွဲတင်ပေးကာ သေချာပြန်ပြုပြင်ပေးလိုက်သည်။

" မင်းဘာမှပြန်သတိမရချင်သေးဘူးဆိုလည်း အဆင်ပြေပါတယ်။

ဒါပေမဲ့ ဒီကရွာသားတွေကိုတော့ မင်းစိတ်ကျေနပ်အောင် လုပ်ပေးမှရမယ်လေ။ ပျက်စီးသွားတဲ့ သူတို့နေရာတွေက သူတို့ရဲ့ သာမန်အားတွေနဲ့ ပြန်တည်ဆောက်ထားရတာ။ မင်းဘယ်လို လျော်ပေးမလဲ။"

" ကျွန်တော် ဘာလုပ်လို့ လုပ်ထားမှန်းတောင်မသိတာ....ဘယ်..ဘယ်လိုလုပ် သိမှာလဲ...

The Deal With A Demon King Where stories live. Discover now