Part 43

423 43 2
                                    

Unicode Ver

ဘယ်လောက်ထိ သူမေ့မြောနေသည်ကို သေချာမသိနိုင်သော်လည်း ချီယွမ်သည် နိုးလာချိန်၌အားအင်ကပိုမိုကာပင် ပြည့်ဝနေသလိုခံစားရသည်။ သူ၏ကိုယ်ခန္တာက ယခင်ကထက်ပင်ပိုမိုကာ လွတ်လပ်ပေါ့ပါးနေသလိုခံစားရသည်။ သူ၏မျက်ခွံတွေကို မပွတ်သတ်မှီပင် ချီယွမ်သည် လဲလျောင်းလျက် ပျင်းကြောဆန့်လိုက်၏။

ထို့နောက် သူပထမဆုံးသတိထားမိသည်က နက်မှောင်နေသည့်မျက်နှာကျက်တွင် တလက်လက်ထနေသော နှင်းပွင့်ချပ်လေးများပင်။ ချီယွမ်သည် အခန်းပတ်ပတ်လည်ကို တချက်ကြည့်လိုက်မိသည်။ အပြင်အဆင်များက သူနေခဲ့ဖူးသည့် နန်းတော်ကြီးနှင့်လည်း တခြားစီပင်။ ချက်ချင်းပင် ကောက်ထိုင်လိုက်ပြီးနောက်

“ ဒါ ဘယ်နေရာကြီးလဲ။”

သိုးမွေးရောင်ခြုံလွှာကြီးအောက်က ရုန်းထွက်လိုက်တဲ့နောက် ထိုကုတင်ကြီးပေါ်ကနေပင် အခန်းပတ်လည်ကိုဆက်လက် စူးစမ်းနေ၏။ သို့သော်လည်း သူ့အားပိုမိုက ဆွဲဆောင်လိုက်နိုင်သည့်အရာကတော့ သူ၏ဂုတ်နေရာမှ ရှေ့ဘက်သို့ကျလာနေသာ သူ၏ဆံနွယ်များပင်ဖြစ်သည်။

ချီယွမ်သည် သူ၏ဖြူဖွေးနေသော ဆံနွယ်များကိုမြင်လိုက်ရသည်နှင့် ချက်ချင်းပင်ခေါင်းကိုက်လာသလိုခံစားရပါတော့၏။ သူသည် ဆံနွယ်တချို့ကိုကောက်ကိုင်ကာ သေချာစွာ အနီးကပ်ယူကြည့်လိုက်ရင်း

“ ငါချီးးးး ဆံပင်တွေပါ ဖြူကုန်တာလား!!!!!!”

နောက်ဆုံးအကြိမ်သူ့ကိုယ်ထဲကို အဲ့ဒီနတ်သူငယ်ရဲ့အမြုတေဝင်သွားတာကိုသူ သတိရလိုက်မိသည်။ ထို့ကြောင့်ပင် သူ၏ကိုယ်ခန္တာက ပြောင်းလဲမှုတွေဖြစ်နေတာဖြစ်ပေလိမ့်မည်။ သူသည် ကြေးမုံမှန်ကိုကြည့်မိပါက ဒီထက်ထူးဆန်းတာတွေ သူ့ကိုယ်မှာ ဖြစ်ပေါ်နေမှာကိုပင် သူစိုးရိမ်မိလာ၏။

အားလုံး အားလုံးထက် အဆိုးဆုံးသည်ကတော့ ဤဆံနွယ်ဖြူတွေပါပင်။ အခုတော့ သူက အသက် ၁၈အရွယ်လောက်နှင့် အဘိုးကြီးတစ်ယောက်လို ဆံပင်တွေဖြူကုန်လေပြီ။ ဒါတွေက သေချာပေါက် အဖိုးကြီးအား စနောက်မိတာမို့ ဝဋ်လည်တာဖြစ်လိမ့်မည်။

The Deal With A Demon King Where stories live. Discover now