Part 37

342 48 0
                                    

Unicode Ver

သာမန်အတိုင်း လုပ်ကိုင်စားသောက်ရလေတဲ့အခါ လူကပုံမှန်ထက်နှစ်ဆပိုပင်ပန်းရတယ်။ တနေကုန် ထိုင်ရသည်လို့ပင်မရှိ။ ထိုသို့စဉ်းစားမိလေတော့မှ နန်းတော်ထဲက အဖိုးကြီးဘေးမှာသာဆိုရင် သူ့အလုပ်သည်က ထိုအဖိုးကြီးအား သွေးတိုးအောင် မထိတထိစနောက်သည့်အလုပ်နှင့် အဖိုးကြီးမရှိပါက တိဟွနှင့်သိုင်းကျင့်လေ့ရှိသည့်အလုပ်သာပင်။ ယခုများတော့ ရှိသမျှအလုပ်ကုန်းရုန်းလုပ်နေရပါတော့၏။

ချီယွမ်သည် အနည်းငယ်ညောင်းကိုက်နေပါသော သူ၏ပုခုံးကိုလက်ဖြင့်ခပ်ဖွဖွထုရင်း အလုပ်သိမ်းချိန်မို့ သူဌေးခိုင်းထားသည့်အတိုင်း စားပွဲခုံများကို သန့်ရှင်းရေးလုပ်နေရသည်။ သူကအလုပ်စဝင်သူပီပီ ကျန်သောအလုပ်သမားများကလည် သူ့ကိုသာလက်ညိုးထိုးခိုင်းကြ၏။ ထို့ကြောင့် သူ ဤအလုပ်ပြီးမှသာ ပြန်ရမည်ဖြစ်၏။

“ အရမ်းကြိုးစားနေပါလား။ ဘာလို့များ လက်ဗလာနဲ့ထွက်လာခဲ့တာလဲ။ တကယ်ဆို မင်းသာ အိမ်အကြီးကြီးတစ်လုံးပေးလို့ ပြောရင်တောင် သူကနှစ်လုံးလောက်ပေးမှာကို…”

ရင်းနှီးသည့်အသံကြောင့် ခုံသုတ်နေရာမှ မော့ကြည့်မိတော့ ဆိုင်၏ အပေါ်ထပ် ဝရံတာတန်းတွင် ဒူးတဖက်ထောင်ကာ သူ့အားလှမ်းကြည့်နေသော တိဟွကိုမြင်လိုက်ရ၏။ ချီယွမ်က အားရဝမ်းသာလှမ်းခေါ်သည်။

“ တိဟွ….။ မင်း ဘယ်လိုရောက်လာတာလဲ။”

တိဟွက ထိုဝရံတာပေါ်မှဆင်းလိုက်ပြီး ချီယွမ်အနားကို လာခဲ့လိုက်သည်။ သူ့လက်ထဲတွင်ကိုင်ထားသော ချီယွမ်၏ဓားအား ချက်ချင်းပင် ချီယွမ်အားလှမ်းပစ်ပေးလိုက်တော့ ချီယွမ်က ဖမ်းလိုက်၏။

“ မင်းကျန်ခဲ့တဲ့ ဓားကိုပြန်လာပေးတာလေ…”

ချီယွမ်က တိဟွပေးလာသောဓားကို တချက်ထုတ်ကြည့်လိုက်သည်။ ထိုနေ့က ဓားသည်ယွင်းရန်၏လက်ချက်ဖြင့် တစစီပျက်စီးသွားသည်မှာ သေချာပါ၏။ ယခုမူ ထိုဓားသည် သူမဟူတ်သည့်အတိုင်း လုံးဝအကောင်းပကတိအတိုင်းဖြစ်နေ၏။

“ ငါက ကျိုးသွားပြီထင်နေတာ…”

“ အင်း…အရှင်ယွင်းရန် ပြန်ဆက်ပေးထားတာ…”

The Deal With A Demon King Where stories live. Discover now