Part 29

420 59 10
                                    

Unicode ver

" ဘာဖြစ်လို့ မထူးခြားရတာလဲ။ "

ကုတင်ထက်တွင် နျူးက ယခုထိတိုင်လဲလျောင်းနေသေးသည်။ ယွင်းရန်က သူ၏မိစ္ဆာတိုင်းပြည်တွင်ရှိသော အတော်ဆုံးဆေးဆရာတွေသာမက အမြုတေမြင့်မားသည့် မိစ္ဆာအကြီးအကဲများကိုပါခေါ်ယူကာ နျူးကို စမ်းသပ်စေသည်။

ဆေးသမားတော်တဦးက ယွင်းရန်ကိုဂါရဝပြုရင်း

" ကျွန်တော်တို့ဆီမှာ ဒီအဆိပ်ကိုကုသနိုင်ဖို့ နည်းလမ်းက မရှိပါဘူး။ နှလုံးသားရဲ့သွေးနဲ့ လူပ်ထားတာမို့ ပင့်ကူမယ်ရဲ့နှလုံးသွေးကပဲ ပြန်ဖြေပေးမှသာ အဆင်ပြေနိုင်မှာပါ။"

"ကျစ်..."

ယွင်းရန်က မျက်မှောင်ကြုတ်လိုက်ပြီး သူ့နောက်ဘက်တွင်ရှိသော မိစ္ဆာအစောင့်တချို့ကိုမေးလိုက်သည်။

" တိဟွဆီက ဘာသတင်းထူးလဲ။"

" သူတို့ရှာဖွေ နေတုန်းပါ။"

နေ့တဝက်ခန့်ပင် ကုန်ဆုံးသွားပြီဖြစ်ပြီး သူထိုမိစ္ဆာလှိုဏ်ဂူကနေ ထွက်ထွက်ချင်း တိဟွကိုပင့်ကူမယ်အားရှာစေရန် စေလွှတ်လိုက်ပြီးသားဖြစ်သည်။ ဤတစ်ခါ​တော့ ယွင်းရန်က ဖြေဆေးရအောင်တောင်းပြီးနောက် သူမကိုသတ်ပစ်ရန်ဆုံးဖြတ်ထားလိူက်လေပြီ။  မည်သို့သော ငှဲ့ညှာမှုမျိုးမှ သူမအတွက်ပေးလေတော့မည်မဟူတ်ချေ။

" အ့.....နာတယ်...လောင်...လောင်ရဲ့...အရမ်းနာတယ်"

ရုတ်တရက်ပင် နျူးက ကုတင်ထက်ငြိမ်သက်ကာလှဲနေရာမှ မိမိ၏ရင်ဘတ်ကို မိမိဘာသာရိုက်ထုရင်း လူးလိမ့်လေတော့သည်။ ယွင်းရန်က ဆေးဆရာတွေကို အမြန်ဖယ်ခိုင်းလိုက်ပြီး နျူးအနားသိူ့အမြန်သွားလိုက်သည်။ နျူးကိုမကာ သူ့ကိုယ်တွင်မှီစေလိုက်ပြီးနောက် ကျန်လက်တဖက်ဖြင့် နျူးအား သက်သာစေရန် စွမ်းအားတချို့ကို ဖြည်းဖြည်းချင်း လွှဲပေးနေလိုက်၏။

အချိန်အနည်းငယ် ကြာပြီးသွားမှသာ နျူးကပြန်ငြိမ်ကျသွားသည်။ သူ၏မျက်နှာက အတော်လေးကို ဖြူဖက်ဖြူလျော်ဖြစ်ကာနေသည်။ နှဖူးရှိ နှင်းပွင့်ချပ်သည် အနည်းငယ်တော့ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေလေ၏။

The Deal With A Demon King Where stories live. Discover now