Part-1

11K 439 20
                                    

"Omma က Koo..Kookie ကိုမချစ်တော့ဘူးမလား အီးးးးဟီးးးးးးးး"

"မဟုတ်ပါဘူး သားသားရယ် ချစ်တာပေါ့ Omma က သားသားကိုအချစ်ဆုံး"

Jungkook တို့အိမ်ဘေးကိုပြောင်းလာတဲ့ မိသားစုက Taehyung ဆိုတဲ့ကလေးလေးကို Omma ကကောက်ချီလိုက်ကတည်းက Jungkook တယောက်ဝမ်းနည်းပြီးငိုယိုနေခြင်းဖြစ်သည်
ထိုအချိန် အိမ်ဘေးကိုပြောင်းလာတဲ့မိသားစုက Jungkook တို့ကိုလာပြီးနှုတ်ဆက်သည်

"ဟယ် သားသားလေးကငိုနေတာလား အမရေ ဝင်ခဲ့မယ်နော်"

"အော် ညီမ လာလာ ဒီမယ်လေ Taehyung လေးကိုချီလိုက်လို့တဲ့ ကိုယ်တော်ချောကကောက်ပြီးငိုနေလေရဲ့"

"အမလေး သားသားလေးကချစ်စရာလေးတော် သား Taehyung ညီလေးနဲ့ခြံထဲမှာသွားဆော့ချည်လေ Omma တို့စကားပြောချင်လို့"

"ဟုတ် ကလေးလေး လာ"

Taehyung ကခေါ်တော့ Jungkook ကြောက်ပြီး သူ့ Omma ရဲ့နောက်မှာပုန်းနေတယ်

"လာလေ ကလေးလေးရဲ့ ကိုကိုနဲ့သွားဆော့မယ်"

Taehyung ကပြုံးပြပြီးလက်လေးကိုကိုင်လိုက်တော့မှ Jungkook ကလိုက်လာတော့သည်

"ကလေးလေးရဲ့နာမည် ကိုကို့ကိုပြောပြနော် ကိုကိုလည်းပြောပြမယ်"

Taehyung နဲ့ Jungkook ခြံထဲကပိတောက်ပင်အောက်မှာထိုင်ပြီးတော့ဆော့နေရင်း Taehyung ကပြောလိုက်ခြင်းဖြစ်သည်

"Koo..Kookie နာမည်က Jungkook,Jeon Jungkook အသက်ကတော့ Kookie မမှတ်မိဘူး ပြီးမှ Omma ကိုမေးပေးမယ်နော် ဟီး ကိုကိုကရော"

"ဟုတ်ပြီ ကိုကိုနာမည်က Kim Taehyung အသက်က 10 နှစ် ကလေးလေးထက်တော့ကြီးတယ်"

"ကို..ကိုကိုကကျောင်းတက်နေရပြီလားဟင်"

"အွန်း ကိုကိုက နှစ်တန်းတက်နေရပြီလေ"

"Kookie ရောတက်ရမှာလားဟင် Kookie ကျောင်းမတက်ချင်ဘူး ဟင့်"

"မတက်လို့မရဘူးလေ ကလေးလေးရဲ့ ကျောင်းမတက်ရင်စာမတက်ပဲနေမှာပေါ့"

"ဒါ..ဒါပေမယ့် မတက်ချင်ဘူး အီးးးးဟီးးးး"

"မငိုရဘူးလေ ရှူး တိတ်တိတ် ကိုကိုနဲ့အတူတူတက်ရမှာလေနော် ကိုကို့ရဲ့ကျောင်းမှာတက်ရမှာလေ ကိုကိုက Kookie ကိုခေါ်မှာပေါ့"

𝗛𝘂𝗿𝘁☘︎︎Where stories live. Discover now