ဒီနေ့ Korea ကိုပြန်ရမဲ့နေ့ဖြစ်သည်...Jungkook ရင်တွေအရမ်းခုန်နေသည် Omma၊Appa၊Jimin၊Jin နဲ့ ပြီးတော့...
Taehyung....သူတို့ကိုပြန်တွေ့ရတော့မှာဆိုတော့ရင်ခုန်ကာစိတ်လှုပ်ရှားနေသည် အထူးသဖြင့် Taehyung...အရင်ကလိုပုံစံပဲလား၊ပိုချောလာလား၊ရည်းစားတွေဘယ်နှစ်ယောက်တောင်ရနေပြီလဲ၊သူတောင်ဘွဲ့ရပြီးပြီဆိုတော့ Taehyung လည်းအလုပ်အကိုင်နဲ့ဖြစ်နေမှာပေါ့...ပြန်တွေ့ရင်သူ့ကိုဘယ်လိုသဘောထားနဲ့မြင်မလဲ....တစ်ယောက်တည်းအတွေးပေါင်းစုံနဲ့ရင်ခုန်စွာအိမ်ပြန်လာလေတော့သည်.....
.
.
.
"Jungkookah!!!!Jungkookah!!""Jimin Hyung!!Jin Hyung!!"
လေဆိပ်တစ်ခုလုံးမှာ အော်ဟစ်ကာပွေ့ဖက်နေကြသည့်ကောင်လေးသုံးယောက်ရဲ့အသံတွေနဲ့ဆူညံ့လို့နေသည်...
"လွမ်းနေခဲ့တာ Hyung ကလေးလေးကို..."
သူ့ဘက်ခေါင်းတစ်လုံးစာလောက်အရပ်ပိုရှည်လာသည့် Jungkook ရဲ့ပါးလေးကိုပွတ်ကာ Jimin ကပြောသည်"ဘယ်ကကလေးလေးလဲ Kookie ကလူကြီးဖြစ်နေပါပြီဆို"
"တိတ်စမ်း!!ကလေးကကလေးလိုမနေဘူး လူကြီးတော်တော်ဖြစ်ချင်နေတယ်ဟုတ်လား"
နှုတ်ခမ်းဆူကာလူကြီးလုပ်ချင်နေသည့် Jungkook ရဲ့ခေါင်းကိုခေါက်ကာ Jin ကပြောသည်...
"အာ့..နာတယ် Jin Hyung ရဲ့ အခုမှပြန်ရောက်လာတဲ့လူကိုအနိုင်ကျင့်နေတာလား"
"ကဲ တော်ကြပါတော့ဟယ် အိမ်အရင်ပြန်ရအောင် နားတွေကိုညီးနေတာပဲဟယ်"
တစ်ယောက်နဲ့တစ်ယောက်အော်ဟစ်ကာဆူညံ့နေသည့် Jungkook တို့ကို Omma ကပြောသည် ထိုအခါကျတော့မှတိတ်သွားကာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာရီနေကြပြန်သည်...
"တတ်လည်းတတ်နိုင်တဲ့ကလေးတွေ..."
Omma ကသူတို့ကိုကြည့်ကာခေါင်းခါရင်းပြုံးသည်
အိမ်ပြန်လာသည့်လမ်းတစ်လျှောက်လုံး Jin နဲ့ Jimin က Jungkook ရဲ့ဘေးတစ်ဖက်တစ်ချက်ဆီမှာထိုင်ပြီးကလိနေကြသည်...အရင်တုန်းကလောက်မဖောင်းတော့တဲ့ပါးကိုဆွဲညှစ်လိုက်၊ဆံပင်တွေကိုဆွဲဖွလိုက်၊နားရွက်ကိုဆွဲလိမ်လိုက်နဲ့ထင်သလိုလုပ်နေကြသည်..."အားးးးးဘာလုပ်နေကြတာလဲ ကားပေါ်ကနေကန်ချမှာနော်"
နောက်ဆုံးတော့သည်းမခံနိုင်တဲ့အဆုံး Jungkook အော်ထည့်လိုက်သည်...