Part-9

3.6K 306 27
                                    

"သားငယ် ကျောင်းနောက်ကျတော့မယ်နော်"

"ဟုတ် လာပြီ Omma"

Jungkook အင်္ကျီအဝတ်အစားလဲပြီးဆင်းလာခဲ့သည်
ဧည့်ခန်းထဲမှာမြင်လိုက်ရသည့်သူကြောင့် နေရာမှာတင်အငွေ့ပျံချင်စိတ်ပေါက်သွားသည်

"သားငယ် လာလေ အမလေး သူ့ကိုကိုကိုများမမြင်ဘူးတာကျနေတာပဲ ကြည့်နေလိုက်တာ"

"Omma Kookie ကိုယ့်ဘာသာသွားလို့ရပါတယ် သူများကိုဒုက္ခမပေးပါနဲ့ ရတယ် Kookie ဘာသာသွားလိုက်မယ်နော်"

Taehyung Jungkook ရဲ့ သူများ ဆိုတဲ့အသုံးအနှုန်းကြောင့် ရင်ဘတ်ထဲမှာအောင့်တက်သွားသည်

"ဟယ် ဘယ်ကသူများရမှာလဲ ပြီးတော့ Omma ကလာခေါ်ခိုင်းတာမဟုတ်ဘူး Taeလေးက သားငယ်ကိုကျောင်းသွားဖို့လာခေါ်တာ"

"ရပါတယ် Kookie ကိုယ့်ဘာသာ...."

"ကလေးလေး လာ သွားကြစို့ အန်တီ ကျွန်တော်တို့သွားလိုက်ပါအုံးမယ်"

Jungkook ဘာမှဆက်မပြောနိုင်ခင် Taehyung Jungkook ရဲ့လက်ကိုဆွဲပြီးထွက်လာခဲ့သည် လမ်းပေါ်ကိုရောက်ပြီဆိုတာနဲ့ Jungkook Taehyung ရဲ့လက်ကိုဆွဲဖြုတ်လိုက်ပြီး ခပ်ခွါခွါလမ်းလျှောက်လိုက်သည်

"ရတယ် Taehyungshi ကျွန်တော် ကိုယ့်ဘာသာသွားလိုက်ပါ့မယ် Somi Noona ကိုဝင်ခေါ်ရအုံးမှာမလား ကျွန်တော်ကကြားထဲကနေအရှုပ်ထုတ်ဖြစ်နေပါ့မယ် အဲ့တာဆို သွားလိုက်ပါအုံးမယ်"

"ကလေး...."

"ကျေးဇူးပြုပြီး ကျွန်တော့်ကိုအဲ့လိုမခေါ်ပါနဲ့ သွားလိုက်ပါအုံးမယ် Jimin Hyungတို့စောင့်နေမှာစိုးလို့"

"ကလေး...."

Jungkook Taehyung ရဲ့စကားကိုမကြားချင်ယောင်ဆောင်ပြီးထွက်လာခဲ့သည် မျက်ရည်တစက်ကတားဆီးထားတဲ့ကြားကနေပါးပြင်ပေါ်ကိုကျဆင်းလာသည်.....

ကျန်ရစ်ခဲ့တဲ့ Taehyung ကလည်းရင်ဘတ်ထဲမှာအဆူးကြီးတစ်ခု နစ်ဝင်ပြီးကျန်ခဲ့သည်

*ကိုကိုနောင်တရနေပါပြီ ကလေးရာ....*
.
.
.
"အာ....Mingyu Hyung ပြန်ပေးလို့"

"မပေးဘူး ရအောင်ယူလေ"

Canteen ထဲမှာ Jungkook တို့နေ့လည်စာစားရင်းအော်ဟစ်နေကြခြင်းဖြစ်သည် Mingyu ကဆက်ဆံရေးကောင်းတော့ Jimin တို့ Jin တို့နဲ့ပါအဆင်ပြေသည် Jimin တို့ကလည်း Jungkook ပျော်အောင်လို့အတတ်နိုင်ဆုံးနေပေးကြသည် အခုလည်း Jimin တို့ကမအားလို့ Jungkook တို့နှစ်ယောက်တည်းနေ့လည်စာစားနေရင်း Mingyu က Jungkook ရဲ့ပုံဆွဲစာအုပ်ကိုယူကြည့်နေခြင်းဖြစ်သည်
Jungkook ကရှက်ပြီးစာအုပ်ကိုဇွတ်လုယူနေသည်

𝗛𝘂𝗿𝘁☘︎︎Where stories live. Discover now