Part-21

2.7K 270 45
                                    

"အန်တီ Kookie ရော"

"အော် Jimin သားလာလေ မင်းဟာလေးကတော့အိပ်နေတုန်းရှိသေးတယ်ရှင် သွားနှိုးချင်နှိုးချည်လေ"

"ဟုတ်....အော် ဟိုမှာနိုးလာပြီ အန်တီ"

လှေကားကနေအိပ်ချင်မူးတူးနဲ့မျက်လုံးကိုပွတ်ကာဆင်းလာသည့် Jungkook ကိုကြည့်ကာ Jimin ကပြောသည်...

"Jimin Hyung..?အစောကြီးပဲ ဘာလာလုပ်တာလဲ"

"အမလေး အစောကြီးတဲ့ဟယ် 9နာရီခွဲနေပြီရှင့်"

"Omma ကလည်း"

"အန်တီရယ် ဆူမနေပါနဲ့တော့ ဟိုမှာနှုတ်ခမ်းကြီးကတစ်တောင်လောက်ဆူထွက်နေပြီ Kookie...ရေမိုးချိုးပြင်ဆင်တော့ Hyung နဲ့အပြင်သွားမယ်"

"ဘယ်သွားမှာလဲ ပျင်းတယ်"

"ဘာပျင်းတာလဲ ပြန်ရောက်တာဖြင့်သုံးရက်ရှိပြီ အပြင်လည်းမထွက်ဘဲနဲ့အိမ်တွင်းပဲပုန်းနေလို့ရမလား Hyung ရဲ့ dance studio ကိုလိုက်ခဲ့ ပြီးရင် Jin Hyung ဆီမှာနေ့လည်စာဝင်စားမယ် ညနေကျရင်မုန့်စားပြီးပြန်လိုက်ပို့မယ်"

"ဟုတ်...အဲ့ဒါဆိုခဏစောင့်"

"အွန်းအွန်း"

အခန်းထဲကိုပြန်ဝင်သွားသည့် Jungkook ကိုကြည့်ကာ Jimin ပြုံးလိုက်မိသည်...
.
.
"Wow....Hyung ရဲ့ dance studio ကအကျယ်ကြီးပဲနော်"

Jimin ရဲ့ dance studio ကိုလျှောက်ပတ်ကြည့်ကာ Jungkook ပြောသည်

"အွန်း...Hyung ကတော့ဒီ့ထက်ပိုကျယ်တဲ့နေရာရှာချင်သေးတယ်"

"Hyung ကလည်း အခုလည်းအကျယ်ကြီးပါ လောဘကြီးလိုက်တာ"

"အေးပါဟဲ့ ပြောပြတာပါ ရန်ထောင်ဖို့ပဲချောင်းနေတယ်"

"ဟိဟိ"

"Jin Hyung ဆီသွားတော့မလား"

"အွန်း ဗိုက်ဆာနေပြီ သွားကြစို့"

"ဟုတ်ပြီ သွားစို့"

Jimin နဲ့ dance studio အပြင်ကိုထွက်လာခဲ့ကာ Jimin ရဲ့ကားနဲ့ပဲ Jin ဆီ့ကိုသွားကြသည်...ဆယ့်ငါးမိနစ်လောက်မောင်းပြီးတော့ cafe ဆိုင်ရှေ့မှာ Jimin ကကားရပ်လိုက်သည်...

"Hyung ဘာဝယ်မလို့လဲ"

"Jin Hyung ဖို့ americano နဲ့ Kookie ဖို့ bananamilk ဝယ်မလို့လေ ဟိုကျမှစားသောက်ပြီးသောက်ချင်နေကြရင်ပြန်ထွက်ရတာမလွယ်ဘူး"

𝗛𝘂𝗿𝘁☘︎︎Where stories live. Discover now