"Kookie ဟို Mingyu ဆိုတဲ့လူနဲ့အခြေအနေဘယ်လိုလဲ"
"ဘယ်လိုနေရမှာလဲ Jimin Hyung ကလည်း
ဒီတိုင်းပဲပေါ့ အဲ့လူကလည်းလေ Kookie ခြေထောက်ကဘာမှမဖြစ်တော့ပါဘူးဆိုနေတာကို ခဏခဏလာတွေ့နေတာ မုန့်တွေလည်းလာလာကျွေးနေတာ ဟိဟိ မုန့်စားရတော့လည်းခွင့်ပြုလိုက်ပါတယ်လေ ဟီး"Jimin ကလေးလေးတယောက်လိုပြုံးပျော်ရီမောပြီးစကားတွေတသီကြီးပြောနေတဲ့ Jungkook ကိုကြည့်ပြီးပြုံးနေမိသည် Jungkook ကိုဒီလိုပုံစံလေးပဲမြင်ချင်တာ
Taehyung ကြောင့်ခံစားခဲ့ရတာတွေကိုအမြန်ဆုံးပျောက်သွားစေချင်ပြီ ဒါပေမယ့် သူသိသည် Jungkook က Taehyung ကိုချစ်နေတုန်းပဲဆိုတာ..."Taehyung နဲ့ရော ဘယ်လိုနေလဲ..."
"ဟင်.."
Taehyung ဆိုတဲ့နာမည်ကိုကြားလိုက်တာနဲ့ Jungkook ရဲ့နှလုံးသားထဲမှာအောင့်ခနဲဖြစ်သွားသည်
"ကို....ကိုကိုနဲ့လား အ...အဆင်ပြေပါတယ် Jin Hyung ကလည်းကြာလိုက်တာနော်"
Jimin သိတာပေါ့ Jungkook စကားလမ်းကြောင်းလွှဲဖို့ကြိုးစားနေတယ်ဆိုတာ
*မလိမ်တတ်ဘဲနဲ့ ဘာလို့လိမ်နေတာလဲကွာ*
"ချာတိတ် ဒီနေ့အိမ်ပြန်ရင်ဘယ်သူနဲ့ပြန်မှာလဲ"
"ဗျာ....Jimin Hyung တို့နဲ့လေ"
Jungkook တို့ထိုင်နေသည့်ထိုင်ခုံနားကိုလာပြီး Mingyu က Jungkook ကိုမေးလိုက်ခြင်းဖြစ်သည်
"ဘာလုပ်မလို့လဲ Hyung"
"ဟိုဟာလေ ဒီနေ့ကိုယ်နဲ့ပြန်မလားလို့...."
"မရလောက်ဘူး Hyung ရဲ့ Jimin Hyung တို့နဲ့ဆို......"
"ရတယ် ရတယ် Hyung Kookie နဲ့ပြန်လို့ရတယ် ကျွန်တော်က Jin Hyung နဲ့ပြန်လိုက်မယ်"
"Jimin Hyung!!"
"ဘာလဲ Kookie ကလည်းအားနာစရာကြီး ပြန်လိုက်ပါ"
"ဟူးးးးး ပြီးတာပဲ ပြန်မယ် ပြန်မယ် ရပြီလား"
"ဟုတ်ပြီ အဲ့ဆိုကျောင်းဆင်းရင်ကိုယ်စောင့်နေမယ်နော်"
"ဟုတ်"
Jungkook Jimin ကိုမျက်စောင်းထိုးပြလိုက်တော့ Jimin ကမျက်လုံးလေးတွေပျောက်တဲ့အထိပြုံးပြနေသည်
Jungkook လည်းဘာမှမပြောတော့ပဲ Jimin လိုလိုက်ပြုံးပြလိုက်သည်......
.
.
.
"ချာတိတ်..."