Part-17
2.5K 267 28
"Jackson!!ပြန်ပေးကွာ ငါထိုးမှာနော်"
"ဟားဟား ရော့ရော့ ဒါလေးယူတာကိုဖြစ်ပျက်နေလိုက်တာ မင်းကလည်း"
Jackson က Jungkook ရဲ့ပန်းချီစာအုပ်ကိုယူသွားလို့ Jungkook အော်ဟစ်နေခြင်းဖြစ်သည်...အခုဆိုရင် Jungkook အထက်တန်းပြီးကာတက္ကသိုလ်တွင်ပန်းချီမေဂျာတက်နေလေပြီဖြစ်သည် Jackson ဆိုသည်မှာ Jungkook နဲ့တက္ကသိုလ်ရောက်မှခင်သည့်သူငယ်ချင်းဖြစ်သည် Jungkook ကအပေါင်းအသင်းအများကြီးမပေါင်းပေမယ့်တော်တော်များများနဲ့ခင်လေသည်...အရင်ကလိုလည်းကလေးမဆန်တော့ချေ လူကြီးဆန်လာကာရင့်ကျက်လာပြီဖြစ်သည် ကလေးဆန်သည့်မျက်နှာလေးကနေမေးရိုးလေးထင်းလာကာယောကျာ်းလေးပိုဆန်ကာချောမောလာပြီဖြစ်သည်...ထို့ကြောင့်မိန်းကလေးများကြားတွင်လည်း popular ဖြစ်လေသည် လူအများရှေ့တွင်လည်းသူ့၏ကလေးဆန်သည့်ပုံစံကိုထုတ်မပြချေ...ဒါပေမယ့် Jungkook ရဲ့ဖုံးကွယ်ထားသည့်မျက်နှာဖုံးအောက်တွင်တော့ကလေးဆန်သည့်ပုံစံလေးကကျန်ရှိနေတုန်းဖြစ်သည်.....
"ငါ့ပစ္စည်းတွေကိုင်တာမကြိုက်ဘူးလို့မင်းကိုငါပြောထားသားပဲ ပေး"
"မင်းဘွဲ့ရရင်ကိုရီးယားပြန်မှာလား..."
"အွန်း ပြန်မှာလေ လိုက်ခဲ့မလား"
Jackson က ကိုရီးယားမှာငါးနှစ်လောက်နေခဲ့ဖူးလေသည် နောက်ပိုင်းကျမှသူ့အဖေရဲ့အလုပ်ကြောင့် Canada ကိုပြောင်းလာခဲ့ခြင်းဖြစ်သည်
"လာလည်မယ် အဲ့ကျရင်မင်းအိမ်မှာတည်းမှာနော်"
"တည်းပေါ့.."
Jackson က Jungkook အတွက်တော့တကယ့်ကိုသူငယ်ချင်းကောင်းတစ်ယောက်ဖြစ်သည် သူစိတ်ညစ်နေတိုင်းပျော်အောင်လုပ်ပေးသည် ဟာသတွေလည်းပြောပြသည် Jackson နဲ့ပျော်နေရသည့်အချိန်တိုင်း Jin နဲ့ Jimin တို့ကိုသတိရလေသည်....Omma တို့ကနေ့တိုင်းဖုန်းဆက်လေသည် Jimin တို့ကတော့ တစ်ပတ်ကိုတခါတော့အတတ်နိုင်ဆုံးဖုန်းဆက်ကြသည် သူတို့လည်းကျောင်းကိစ္စတွေနဲ့အလုပ်ရှုပ်နေမှာပါလေဆိုပြီး Jungkook လည်းဖြည့်တွေးလေသည် သူဖုန်းဆက်စေချင်သည့်သူကတော့သူ့ကိုတခါလေးတောင်ဖုန်းမဆက်ပါ အချိန်ကြာလာတော့ သူလည်းနေတတ်သွားပြီနေမှာပါဆိုပြီး Jungkook ကိုယ့်ကိုကိုယ်နှစ်သိမ့်ရမြဲဖြစ်သည်...Jungkook မသိခဲ့တာက Omma တို့သူ့ကိုဖုန်းဆက်တိုင်းဘေးနားကနေအမြဲတမ်းသူ့အသံလေးကိုထိုင်နားထောင်နေသည့်ကောင်လေးတစ်ယောက်ရှိတယ်ဆိုတာကို....
____________________❣︎______________
သာသာစိတ်အခြေအနေသိပ်မကောင်းလို့နည်းနည်းလေးပဲ up လိုက်ရပါတယ်။တောင်းပန်ပါတယ်ရှင်>•<❤︎
Zawgyi
"တည်းပေါ့.."
____________________❣︎______________
𝗛𝘂𝗿𝘁☘︎︎Where stories live. Discover now