Part-14

2.7K 263 13
                                    

"အန်တီ ကျွန်တော် Kookie နဲ့တွေ့ချင်လို့..."

"အေးအေး ခဏလေးနော် သွားခေါ်ပေးမယ်"

"ဟုတ်.."

Jungkook ရဲ့အခန်းဆီသွားကာ အခန်းတံခါးကိုဖွင့်လိုက်တော့ Jungkook ကသူ့ရဲ့စာကြည့်စားပွဲပေါ်မှာထိုင်ကာပုံဆွဲနေသည်....

"သားငယ်ရေ..."

"ဗျာ..."

"အောက်မှာ Taehyung ရောက်နေတယ် သားငယ်ကိုတွေ့ချင်လို့တဲ့..."

Taehyung ရဲ့နာမည်ကိုကြားလိုက်ရတော့ Jungkook ဆွဲလက်စပုံကိုရပ်ကာ Omma ကိုမော့ကြည့်မိသည်...

"Koo...Kookie မတွေ့ချင်ဘူး Omma တစ်ခုခုပြောပြီးပြန်လွှတ်လိုက်ပါနော်"

"ဟွန်းးးးး အေးပါ Omma ကြည့်ပြောလိုက်ပါ့မယ်"

Omma ကသက်ပြင်းရှည်ကြီးချကာ အောက်ထပ်ကိုဆင်းသွားလေသည် မတည်ငြိမ်နိုင်သေးသည့်နှလုံးသားကြောင့်ဒီအချိန်မှာ Taehyung ကိုထပ်တွေ့ရင်သူအရင်ကလိုထပ်ချစ်မိမည်ထင်သည် အဲ့တာကြောင့်လည်းကျောင်းတပတ်ခွင့်ယူထားကာအိမ်မှာပဲ​နေခြင်းဖြစ်သည် Omma တို့ကလည်းဇွတ်အတင်းကြီးတွန်းအားပေးတတ်တဲ့သူတွေမဟုတ်တော့နားလည်ပေးကြသည် Jimin တို့ကိုလည်းအိမ်ကိုပဲလာကြဖို့မှာထားသည်....

"သားရေ အားတော့နာပါတယ်ကွယ်....သားငယ်ကနေမကောင်းလို့ကွဲ့ သူမတွေ့ချင်သေးဘူးတဲ့"

"အန်တီ ကျွန်တော်တွေ့ရမှဖြစ်မှာမို့လို့ပါ ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော့်ကိုတွေ့ခွင့်ပေးပါ"

"တကယ်အားနာပါတယ် Tae လေးရယ် သားငယ်မကြိုက်တာကို အန်တီတို့ကဇွတ်မလုပ်ခိုင်းချင်လို့ပါကွယ် မနက်ဖြန်လောက်ထပ်လာကြည့်ပေါ့ကွယ် အဲ့အချိန်ကျရင်တော့သားငယ်စိတ်ကြည်လောက်ပါပြီ...."

"ဟုတ်ကဲ့ပါအန်တီ....ဒါတိုကျွန်တော့်ကိုခွင့်ပြုပါအုံး...."

"အေးပါကွယ် အေးပါ"

ခေါင်းငိုက်စိုက်ကျနေတဲ့အနေအထားနဲ့ Taehyung အိမ်ပြန်လာခဲ့သည် Jungkook ကိုတောင်းပန်ဖို့မပြောနဲ့ သူ့ကိုတွေ့ခွင့်တောင်မပေးတော့ Taehyung ဘာလုပ်ရမှန်းမသိလမ်းပျောက်နေပြီဖြစ်သည်....အဲ့ဒီနေ့...Kim Somi သူ့ကိုနမ်းလိုက်တဲ့နေ့ကအဖြစ်အပျက်တွေကသူ့ခေါင်းထဲမှာရုပ်ရှင်ကားတစ်ကားလိုထပ်တလဲလဲပြနေတုန်း......

𝗛𝘂𝗿𝘁☘︎︎Where stories live. Discover now