Part-11

3K 288 12
                                    

"သားငယ်ရေ လာတော့ဟေ့ နောက်ကျတော့မယ်"

"ဟုတ် လာပြီ"

Jungkook လွယ်အိတ်ကိုကောက်လွယ်ပြီးအောက်ဆင်းလာခဲ့သည်
ဧည့်ခန်းထဲမှာ Taehyung ကလည်းအဆင်သင့်ရောက်နေပြီဖြစ်သည်

"သားငယ် လာ သားကိုကိုကလာခေါ်တယ် လမ်းဘေးကြည့်သွားကြအုံးနော်"

"ဟိုဟာလေ ကိုကို...."

"ဟင် ပြောလေ"

"ဒီနေ့ Mingyu Hyung ကသူလာခေါ်မယ်လို့ပြောထားတာ အဲ့တာ...."

"ကလေး!!အဲ့ကောင်နဲ့မပေါင်းနဲ့တော့လို့ မရဘူး ဒီနေ့ကစပြီးကိုကိုနဲ့ကျောင်းသွား၊ကိုကိုနဲ့နေ့လည်စာစားပြီးကိုကိုနဲ့ပဲပြန်ရမယ်"

"ဒါပေမယ့် ကိုကို...."

"ကလေး ကိုကိုဘာမှထပ်မကြားချင်ဘူး သွားစို့ လာ"

"ဟုတ်..."

Jungkook နှုတ်ခမ်းကိုဆူပြီး Taehyung ရဲ့လက်ကိုတွဲကာလိုက်လာခဲ့သည်
ခြေထောက်ကလည်းဆောင့်ဆောင့်မိသွားသည် စိတ်ဆိုးရင်ခြေထောက်ဆောင့်မိတတ်တဲ့အကျင့်ကိုဘယ်လိုမှပြင်မရ Omma ကလည်းသူခြေထောက်ဆောင့်တာနဲ့ပတ်သတ်ပြီးခဏခဏဆူသည် ဒါပေမယ့်သူကတော့အကျင့်ပါနေတော့တော်တော်နဲ့ပြင်လို့မရ

"ခြေထောက်ကဘာလို့ဆောင့်နေတာလဲ..."

"ဘယ်...ဘယ်မှာဆောင့်လို့လဲ မဆောင့်ဘဲနဲ့"

ပြောနေရင်းနဲ့ကိုခြေထောက်ကိုအသံမြည်အောင်ဆောင့်လိုက်မိသည်

"ဟော...တွေ့လား ဘာလို့ဆောင့်နေတာလဲ နာကုန်မှာပေါ့"

"နာပါလေ့စေ Mingyu Hyung သာဆို Kookie ကခြေထောက်နာတယ်လို့ပြောရင်တခါတည်းကျောပိုးသွားမှာ ဟွန့်"

"ကလေး!!အဲ့လောက်တောင်အဲ့ကောင်ကိုချစ်နေတယ်ဟုတ်လား လာစမ်း"

ပြောလည်းပြောရင်း Taehyung Jungkook ကိုပေါင်ကနေမပြီးတော့ပုခုံးပေါ်ကိုမှောက်ယှက်တင်လိုက်သည်

"အားးးးးးးကိုကိုဘာလုပ်တာလဲ ချပေးးး"

"မရဘူး ဒီတိုင်းလိုက်ခဲ့ ကျောင်းရှေ့ရောက်မှချပေးမယ်"

"မရဘူး အခုချပေး"

Jungkook Taehyung ရဲ့ပုခုံးပေါ်မှာထောင်ချောက်မိသွားတဲ့ယုန်သူငယ်လေးလိုရုန်းထွက်နေမိသည်

𝗛𝘂𝗿𝘁☘︎︎Where stories live. Discover now