Jungkook အခုတလော Taehyung ကိုရှောင်နေသည် အိမ်ချင်းကပ်နေပေမယ့်မသွားတော့ တခုခုဆိုသူပဲခံစားရတာလေ ပြီးတော့သူ့ကိုဂရုမစိုက်ချင်တော့တဲ့သူတယောက်အပေါ်ဒုက္ခမပေးချင်တော့ဘူး သူနေတတ်နေပြီလားဆိုတော့လည်း သူမနေတတ်သေးပါဘူး နေတတ်အောင်ကြိုးစားနေတုန်းပဲရှိသေးတယ် လွမ်းတယ် Taehyung ကိုသူအရမ်းချစ်ခဲ့တာဥစ္စာ မဟုတ်ဘူး သူချစ်နေတုန်းပဲ ဒါပေမယ့် Taehyung မှသူ့ကိုမချစ်ဘဲ.....
.
.
.
"Yarr Jeon Jungkook ငါ့မုန့်ပြန်ပေးစမ်း"Corridor တခုလုံး Jin ရဲ့အသံနဲ့ဆူညံနေသည် အကြောင်းရင်းကတော့ Jungkook ကသူ့ရဲ့မုန့်ထုပ်ကိုယူပြေးသွားလို့နောက်ကနေအော်ပြီးလိုက်ဖမ်းနေခြင်းဖြစ်သည်
"အားးးး Jin Hyung ကြီးကကြောက်စရာကြီး Jimin Hyungရေ ကယ်ပါအုံး အားးးးး"
"Yarr ပြန်ပေးလို့ပြောနေတယ်နော် Kookie..."
"ဟင့်အင်း မပေးဘူး မိအောင်ဖမ်းလေ ဟိဟိ"
Jungkook နောက်ကိုလှည့်ကြည့်လှည့်ကြည့်နဲ့ Jin ကိုလျှာထုတ်ပြောင်ပြပြီးပြေးနေလေရဲ့...
"ဘုန်း....."
"အ့..."
"အ့..."
တခုခုနဲ့တိုက်မိတဲ့အသံထွက်ပေါ်လာပြီး "အ့"ဆိုတဲ့လူနှစ်ယောက်ရဲ့တပြိုင်နက်အသံထွက်ပေါ်လာသည်
Jungkook ကြမ်းပြင်ပေါ်သို့ပုံလျက်လေးကျသွားသည် မုန့်ထုပ်ကတော့ဘယ်ရောက်မှန်းမသိ"အာ..နာလိုက်တာ ချာတိတ် မင်းလမ်းကိုကြည့်လျှောက်မှပေါ့"
"ဟာ...ခင်ဗျားကြီးကမြင်ရင်ရှောင်ပေါ့ဗျ
ကျွန်တော်မှမမြင်ဘဲ အား ကျွတ်ကျွတ် နာလိုက်တာ ခြေခွင်သွားပြီလားမသိဘူး"Jungkook နဲ့တိုက်မိသွားသည့်လူက Jungkook ကိုထူပေးသည်
"မတ်တပ်ရပ်လို့ရရဲ့လား"
"အ့ နာနေတယ် ဟင့် Jin Hyung ဟင် Jin Hyung ဘယ်ရောက်သွားလဲ Jimin Hyung ရော အီးးးးဟီးးးလူယုတ်မာကြီးတွေ ဘယ်ရောက်သွားကြပြီလဲ"
"ဟာ ချာတိတ် ဘာလို့ငိုနေတာလဲ မင်းနဲ့တော့ကွာ တိတ်တိတ်"
"အီးးးးဟီးးးးးနာနေတယ်"
"တက်.."
ပြောလည်းပြောရင်းအဲ့လူက Jungkook ကိုနောက်ကျောပေးပြီးဒူးထောက်ထိုင်ချလိုက်သည်