Part-13

2.7K 250 16
                                    

"သားငယ်ရေ မထသေးဘူးလား"

Jungkook ရဲ့အခန်းတံခါးကိုခေါက်ကာ Omma ကမေးသည် ပြန်ဖြေသံမကြားတော့တံခါးကိုသော့အပိုနဲ့ဖွင့်ကာဝင်သွားလိုက်သည် ကုတင်ပေါ်တွင်မှောက်ယက်လေးအိပ်ပျော်နေသည့် Jungkook ကိုကြည့်ကာပြုံးလိုက်မိသည်

"သားငယ်လေး ကျောင်းသွားရအုံးမယ်လေ"

Jungkook ရဲ့ဆံပင်ကိုဖွကာနှိုးမိသည်

*ဒီကောင်လေးကျောင်းဝတ်စုံတောင်မလဲဘူး ညကမေ့သွားလို့ထင်တယ်*

တအင်းအင်းတအဲအဲနဲ့အသံထွက်ကာ Jungkook ပက်လက်လန်လိုက်သည်

"ဟယ် သားငယ် မျက်လုံးတွေအစ်နေတာပဲ ထစမ်း သေချာကြည့်ရအောင်"

အစကတည်းကမျက်လုံးလေးတွေကမျက်နှာတခုလုံးမှာထင်းပြီးပေါ်နေတတ်သူမို့ငိုထားတာမျိုးဆို Jungkook ရဲ့မျက်နှာကအရမ်းသိသာသည် Omma ကဇွတ်ဆွဲထူနေတာကြောင့် Jungkook ထထိုင်လိုက်သည်

"ဘာ...ဘာမှမဖြစ်ပါဘူး Omma ရဲ့ အ..အခုမှနိုးတာမို့လို့ပါ ဖောင်း...ဖောင်းနေတာက"

Omma ကိုမကြည့်ဘဲခေါင်းကိုငုံ့ထားကာလိမ်ညာပြောမိသည် Jungkook မကျွမ်းကျင်သည့်အရာကိုပြောပါဆိုရင်လိမ်ညာခြင်းပဲ ဘယ်လိုမှလိမ်ပြောလို့မရဘူး လိမ်ပြောရတော့မယ်ဆိုရင်သူများတွေရဲ့မျက်လုံးကိုမကြည့်ရဲတော့ဘဲလျှောက်ကြည့်နေတတ်သည်

"သားငယ် Omma ကိုမလိမ်နဲ့ လိမ်တတ်တာလည်းမဟုတ်ဘဲနဲ့ မှန်မှန်ပြောစမ်း ဘာဖြစ်ထားတာလဲ"

Jungkook ရဲ့မျက်နှာကိုဆွဲမော့ကာ Omma ကမေးသည်

*ကိုကို့ကြောင့်ခံစားနေရတာပါလို့ပြောရမှာလားOmmaရယ်.....*

Omma ကိုကြည့်နေရင်းနဲ့ Jungkook မျက်ရည်တွေကျလာသည် မခံစားနိုင်တော့လို့ ဘယ်ဘက်ရင်အုံကိုအုပ်မိုးကိုင်ကာ Omma ရဲ့ရင်ခွင်ထဲကိုတိုးဝင်ကာငိုမိသည် မနေ့ကမြင်ကွင်းကအခုထိမျက်လုံးထဲကထုတ်လို့မရ ကျောင်းမှာလည်းအရမ်းစိတ်ရှုပ်လာတာကြောင့် နေမကောင်းဘူးဆိုပြီးခွင့်တိုင်ကာအိမ်ပြန်လာခဲ့သည် အိမ်ရောက်တာနဲ့အခန်းထဲပြေးဝင်ကာငိုနေခဲ့သည်....
မိုးလင်းကာနီးမှအိပ်ပျော်သွားခြင်းဖြစ်သည် သူအခုထိမယုံနိုင်ဘူး သူအရမ်းချစ်ရတဲ့ Taehyung ကသူ့ကိုလိမ်ပြီးမျှော်လင့်ချက်တွေပေးနေတာကို.......သူမုန်းလိုက်ချင်ပါသည် Taehyung ကိုသူအရမ်းမုန်းလိုက်ချင်ပါသည်
ဒါပေမယ့် ဒါပေမယ့်...

𝗛𝘂𝗿𝘁☘︎︎Where stories live. Discover now