Ep 4

1.8K 264 8
                                    

Zawgyi

"ညကမင်းအ​ကြောင်းစဉ်းစားပြီးအိပ်​​ပျော်​သွားတာ...မင်းရဲ့တစ်​ကိုယ်​လုံးကိုနမ်းရတယ်​လို့အိပ်​မက်​မက်​တယ်​...မနက်​အိပ်​ရာနိုး​တော့လည်း​ခေါင်းထဲမင်းအ​ကြောင်း​တွေနဲ့ပဲပြည့်​​နေတယ်​...​တွေ့ချင်​တယ်​...နမ်းချင်​တယ်​...ဖက်​ထားချင်​တယ်​...မင်းနဲ့ပတ်​သတ်လာရင်​မရူးဖို့မ​ပြောပါနဲ့မဖြစ်​နိုင်​ဘူး"

အစည်းအ​ဝေးခန်းထဲစိတ်​ရှုပ်​​နေရာမှ ဝင်​လာတဲ့ဖုန်းက Message သံ​ကြောင့်​ဖွင့်​ကြည့်​ပြီးနှုတ်​ခမ်းစွန်း​လေး​ကွေးတက်​ရုံမျှနှစ်​နှစ်​ခြိုက်​ခြိုက်​ပြုံးမိသည်      လုပ်​​နေတဲ့ပ​ရောဂျက်​ကိုဘဝင်​မကျမှုဖြစ်​​နေရာမှJeonဆီက Message ​ကြောင့်​အနည်းငယ်​​တော့စိတ်​ကြည်​လင်​သွားသည်​     ဒါ​ပေမယ့်​အလုပ်​နဲ့ပတ်​သတ်​ပြီးပြတ်​သားချက်​က​တော့မ​ပြောင်းလဲ      ဖုန်းကိုပိတ်​ပြီးစားပွဲ​ပေါ်ပြန်​တင်​ကာခုံ​နောက်​မှီကိုခပ်​​လျှော​လျှောမှီထိုင်​လိုက်​သည်​      ​ရှေ့မှာရှိ​နေ​သောပ​ရောဂျက်​​ရေးဆွဲထားတဲ့ပရိုဂျက်​တာနဲ့အခန်းထဲကအကျိုးတူစီးပွားဖက်​များကိုမျက်​ဝန်းပြာ​လေးဖြင့်​တစ်​ချက်​​ဝေ့ကြည့်​လိုက်​သည်

Tae-ပိတ်​လိုက်​​တော့

"ဗျာ....ဟိုပ​ရောဂျက်​ထဲဘာကိုအလိုမကျ...."

Tae-အကုန်​လုံးပဲ

သူစကား​ကြောင့်​ပ​ရောဂျက်​ရှင်းပြ​နေသည့်​ဝန်​ထမ်းနှင့်​အကျိုးစီးပွားတူလုပ်​ဖို့ကမ်းလှမ်းလာသည့်​ New Light gp မှလူကြီးပိုင်းများပင်​တိတ်​ဆိတ်​သွားရသည်​   ထယ်​​ယောင်းကဂရုမစိုက်​စွာဆုံလည်​ကုလည်​ထိုင်​မှာ​ခြေချိတ်​ထိုင်​ရင်းလက်​တင်သည့်​​နေရာကိုလက်​ညိုးထိပ်​မှလက်​သည်းဖြင့်​တ​တောက်​​တောက်​​ခေါက်​​နေသည်

Tae-အချိန်​သုံးပတ်​​ပေးထားတာ​တောင်​ကိုယ်​စိတ်​တိုင်းကျမယ့်​ပ​ရောဂျက်​​လေးတစ်​ခုကို​တောင်​​စောက်​ဖြစ်​ရှိ​အောင်​မလုပ်​ပြနိုင်​ဘူးလား hummm?...ဒါနဲ့များ Clover Moonနဲ့ပူး​ပေါင်းမယ်​?ဘယ်​ကအရည်​အချင်းနဲ့လဲ...

Hello Lucifer Where stories live. Discover now