Ep 18
1.1K 167 22
Zawgyi
ပိုးသတ်​​ဆေးအနံ့​ကြောင့်​မျက်​ခုံးတို့ကိုအလိုလိုကျုံ့ပစ်​ကာခန္ဓာကိုလှုပ်​ကြည့်​​တော့တကိုယ်​လုံးကိုင်​ရိုက်​ထားသလိုပင်​     နည်းနည်းလှုပ်​တာနဲ့နာကျင်​မှုကအဆမတန်​ရုတ်​တရက်​ဆိုသလို​ခေါင်းထဲ​အချက်​​ပေးသံများစွာနဲ့​ရောက်​လာတဲ့အသိ​ကြောင့်​မျက်​လုံးတို့ကိုဆတ်​ကနဲအားယူဖွင့်​လိုက်​သည်​    ပြီး​တော့ခန္ဓာကိုယ်​ကိုဘယ်​​လောက်​ပဲလှုပ်​ရှားဖို့အားစိုက်​ထုတ်​ထုတ်​စိတ်​သာရှိပြီးကိုယ်​ကပါမလာ
"ခင်​ဗျားသတိရလာပြီလား"
အသံရှိရာ​ဘေးကိုကြည့်​​တော့ထယ်​​ယောင်းရဲ့လူယုံ​​ဆောင်းဟို    
Tae-ထယ်​......ထယ်​​ရော   အခုဘယ်​မှာလဲ
အ​လောတကြီးပင်​သူသိပ်​သိချင်​တဲ့သူရဲ့အ​ကြောင်းကို​မေး​တော့​ဆောင်းဟိုက​အေးစက်​စက်​ပြန်​ကြည့်​ကာမျက်​နှာလွှဲသွားသည်
"သခင်​​လေးကအ​ရေး​ပေါ်အခန်းထဲက​နေထွက်​မလာ​သေးဘူး    ​သေမလားရှင်​မလား​တောင်​မသိဘူးတဲ့    ​သွေး​တွေလည်းအများကြီးဆုံးရှုံးထားတာ    ပြီး​တော့သခင်​​လေး​သွေးကရှာမရဘူးဖြစ်​​နေတယ်​​လော​လောဆယ်​တစ်​ထုတ်​ပဲရှိတယ်​တဲ့"
"အဲ့ဒါ​ကြောင့်​....ဒီညတွင်းချင်းပဲ​သခင်​​လေးကို​ခေါ်ပြီးနော်​​ဝေးကိုပြန်​မှာ   Annဆီက​နေ​သွေးရလိုရငြား​ပေါ့"
ဂျောင်​ကုဆတ်​ကနဲကြည့်​မိလိုက်​သည်​     ပြီး​တော့​ဆောင်းဟိုပုံစံကတစ်​ခုခုကို​ပြောဖို့​တွေ​ဝေ​နေဟန်
"ခင်​ဗျား​ကောလိုက်​ခဲ့မယ်​မလား"
ထိုစကား​ကြောင့်​​ဂျောင်​ကု​တွေ​ဝေသွားသည်​   ထယ့်​နိုးမလာမှာကိုသူ​သေ​လောက်​​အောင်​စိတ်​ပူ​ပေမယ့်​လည်းအကယ်​၍ထယ်​ပြန်​သတိရလာရင်​သူတို့နှစ်​​ယောက်​​ရှေ့ဆက်​ဘာဖြစ်​မလဲဆိုတာကိုသူမခန့်​မှန်းတတ်​     အမှန်​တိုင်းဝန်​ခံရရင်​သူတို့နှစ်​​ယောက်​စလုံးဘာမှမဖြစ်​ခဲ့သလိုဆက်​ဆံရမှာ​ဂျောင်​ကုအတွက်​တော်​​တော်​ကိုခဲယဉ်းသွားပြီဖြစ်​သည်​     ကိုယ့်​​သွေးသားကိုသတ်​ခဲ့တဲ့ထယ်​ကိုဒီ​လောက်​​တော့စိတ်​ဆိုးခွင့်​ရှိတယ်​မလား     သမီး​လေးကိုမလိုချင်​ရင်​အစကတည်းကသူဟယ်​အင်းကိုဖျက်​ချခိုင်းခဲ့မှာ​ပေါ့    အဲ့​လောက်​ထိကိုသူထယ်​​ယောင်း​အ​ပေါ်ရူးသွတ်​တာထိုလူသားကမသိခဲ့​လေဘူး     အခုသမီး​လေးကိုလူ့​လောကထဲ​ခေါ်လာပြီးမှသမီး​လေးမျက်​နှာကိုသူ့ကို​မြင်​​စေပြီးမှသမီး​လေးကိုထယ်​​ယောင်းနဲ့အတူတူပျိုး​ထောင်​မယ်​ဆိုတဲ့အိပ်​မက်​​တွေမက်​ခိုင်းခဲ့ပြီးမှထိုလူသားကလုပ်​ရက်​ခဲ့​လေခြင်း
Hello Lucifer Where stories live. Discover now