Final

2.4K 168 16
                                    

Zawgyi

အနည်းငယ်​ဟ​နေတဲ့လိုက်​ကာနှစ်​ခုကြားက​နေ​ထိုးထွက်​​နေတဲ့​နေ​ပေါက်​က​လေးကို​တွေ့​တော့အခန်းရဲ့​ထောင့်​ကိုပိုတိုးသွားလိုက်​ပြီးဒူးပိုက်​ကာကိုယ်​ကိုပိုကျုံ့လိုက်​မိသည်​     ဖြစ်​နိုင်​ရင်​ထယ်​​ထွက်​သွားတဲ့အချိန်​က​နေစပြီးအချိန်​​တွေကိုထပ်​ပြီးမ​ရွေ့လျား​စေချင်​​တော့ဘူးရပ်​တန့်​ထားချင်​တာ     ထို့​ကြောင့်​​ဆောင်းဟိုဆီမှဖုန်းရရချင်းသူ​မှောင်​မိုက်​​နေတဲ့အခန်းထဲမှာပဲကိုယ့်ကိုကိုယ်​​ပိတ်​​လှောင်​​နေခဲ့တာ      ကိုယ့်​ကိုတစ်​ဘဝလုံးအပြစ်​မကင်းတဲ့စိတ်​​တွေနဲ့​နေသွား​စေချင်​တာဆို   ထယ့်​နှုတ်​ကတစ်​ခွန်းဟလိုက်​တာနဲ့ဒီကလူကအကုန်​လိုက်​​လျောပြီးသားဆိုတာမသိ​လေ​ရော့လား   ဒါ​ပေမယ့်​...ခြွင်းချက်​အ​နေနဲ့​ဆောင်းဟိုထံမှတဆင့်​ကြားခဲ့ရတဲ့ဆိုးရွားတဲ့သတင်းမျိုး​တော့မဟုတ်​ဘူး​လေထယ်​ရယ်

အမှန်​တရားကိုလုံးဝလက်​မခံနိုင်​ဖြစ်​​နေတဲ့သူ့စိတ်​ကရှုပ်​​ထွေးလာပြီး​​ခေါင်း​တွေထိုးကိုက်​လာရသည်​    ထို့​ကြောင့်​အားအင်​ချိနဲ့စွာပင်​ဒူးပိုက်​ထိုင်​​နေရာက​နေကြမ်းပြင်​​ပေါ်မှာပဲ​ကွေး​ကွေး​လေးလှဲအိပ်​လိုက်​​လေသည်​    အသက်​ကိုခပ်​မျှင်းမျှင်းမျှရှူရှိုက်​ရင်း    ဒီ​နေ့ဘာ​နေ့လဲဘယ်​အချိန်​ရှိပြီလဲဆို​တာ​တွေသူမသိချင်​​တော့ဘူး     အရင်​ကထယ်​သိပ်​မြတ်​နိုးခဲ့တဲ့အ​ရောင်​တလက်​လက်​မျက်​ဝန်း​တွေကလည်း​မှေးမှိန်​လို့  အသက်​မရှိသလိုတစ်​​နေရာကိုသာစိုက်​ကြည့်​​နေကာ​ကြောင်​စီစီဖြစ်​လျက်​    ထို့​နောက်​တံခါး​ခေါက်​သံကြားလိုက်​ရပြီးတဆက်​တည်းအိမ်​​တော်​ထိန်းကြီးရဲ့အသံကိုပါကြားလိုက်​ရသည်

"​ကောင်​​လေး...တကယ်​ပဲVanteကိုသွားမ​တွေ့​တော့ဘူးလား    ဒီ​နေ့...."

အိမ်​​တော်​ထိန်းကြီးရဲ့အသံတိမ်​ဝင်​သွားပြီးဆက်​​ပြောရမည့်​စကားကိုမ​ပြောရက်​သလိုရပ်​တန့်​သွားသည်​    အနည်းငယ်​ကြာမှသက်​ပြင်းရှိုက်​သံကြားရပြီးစကားသံသဲ့သဲ့...တနည်းသူ့အာ​ဖြောင်းဖျသည့်​​လေသံ​ဖျော့​ဖျော့ကိုကြားလိုက်​ရသည်

Hello Lucifer Dove le storie prendono vita. Scoprilo ora